ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့မိခင်ကြီးရဲ့ ရက်လည်အတွက် သူမတို့အိမ်မှာပဲ ကုသိုလ်ကောင်းမှူတွေပြုလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော်

//s9.kh1.co/5e/5eeacda3d33a638aff7c83eba3b1562aebd76b87.jpeg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့မိခင်ကြီးရဲ့ ရက်လည်အတွက် သူမတို့အိမ်မှာပဲ ကုသိုလ်ကောင်းမှူတွေပြုလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ အကယ်ဒမီခင်ဇာခြည်ကျော်ကတော့ ဆယ်ကျော်သက်အရွယ်သားသမီးနှစ်ယောက်ရဲ့မိခင်ဖြစ်ပြီး မိသားစုနဲ့အတူအေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်က မိသားစုအပေါ်မှာတာဝန်ကျေပွန်စွာစောင့်ရှောက်ပေးတဲ့အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် အစစအရာရာ ကိုယ်တိုင်စီမံခန့်ခွဲတာဖြစ်ပါတယ်နော်။ခင်ဇာခြည်ကျော်က သူမရဲ့မိခင်ကိုလည်း သက်ရှိထင်ရှားရှိနေစဉ်ကာလမှာ လိုလေသေးမရှိအောင် ပြုစုပေးပြီး စိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ရဲ့မေမေကတော့ဖေဖော်ဝါရီလထဲမှာပဲ ကိုဗစ်ရောဂါဝေဒနာခံစားရလို့ ဆေးရုံတက်လိုက်ရသေးတာဖြစ်ပါတယ်နော်။

Photo Credit:Khin Zar Chi Kyaw’s Facebook Account 

ခင်ဇာခြည်ကျော်ကလည်း မေမေ့ရဲ့ဘေးနားမှာ နေ့ရော၊ညပါဂရုစိုက်ပေးနေတာကြောင့် လတ်တလောအခြေအနေတွေမှာ လမ်းပေါ်မထွက်နိုင်တာပဲဖြစ်ပါတယ်။ခင်ဇာခြည်ကျော်က လမ်းပေါ်မထွက်နိုင်ပေမယ့်လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြည်သူလူထုအားတက်စေမယ့်စာလေးတွေကို တင်ပေးနေတာဖြစ်ပါတယ်။ပြည်သူလူထုနဲ့အတူ အခုလိုအချိန်မှာတစ်တပ်တစ်အားပါဝင်ခွင့်မရလို့ ခင်ဇာခြည်ကျော်ကအရမ်းစိတ်ထိခိုက်နေရတာဖြစ်ပါတယ်နော်။ခင်ဇာခြည်ကျော်ရဲ့မိခင်ကတော့ (၁၈.၂.၂၀၂၁)ရက်နေ့ ည(၁၀:၃၀)မှာ ဘဝတစ်ပါးကိုကူးပြောင်းသွားတာဖြစ်ပါတယ်။

Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 

မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်ကြောင့် ခင်ဇာခြည်ကျော်တို့သားအမိသုံးယောက်လည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ ခင်ဇာခြည်ကျော်တို့မိသားစုက သူမတို့ရဲ့အိမ်မှာပဲမေမေ့ရဲ့ရက်လည်ကို ဆွမ်းကျွေးလိုက်တာဖြစ်ပါတယ်။ခင်ဇာခြည်ကျော်ကတော့“ကွယ်လွန်သူ မိခင်ကြီး ဒေါ်စန်းစန်းဆွေအသက်(၆၉) နှစ် အတွက် ရည်စူး၍ (၂၄.၂.၂၀၂၁)ရက်လည် ဆွမ်းကျွေး ကုသိုလ် မေ မေ ရေ သမီးတို့ပြုသမျှကုသိုလ် ကောင်းမှု့ တို့ကိုရောက်ရာဘုံဘဝ ကနေ သာဓု ခေါ်ပါ နော် အမျှ အမျှ အမျှ”ဆိုပြီး အလှူပုံရိပ်တွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 
Photo Credit:Khin Zar Chi Kyaw’s Facebook Account 

Source&Photo Credit:Khin Zar Chi Kyaw’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T