ရန်ကုန်မြို့ပေါ်မှာ နေ့စဉ်နဲ့ အမျှမိန်းကလေးတွေဟာ အန္တရာယ်တွေ နှင့် တွေ့ကြုံနေရပါတယ်။ မှုခင်းတွေ ဖြစ်ပျက်နေတာကို လဲ ကြားနေရတဲ့ အပြင် တစ်ယောက်ထဲတောင် နေ့ခင်းနေ့လည် သွားလို့မရတော့ရင်၊ သွားတာလာတာ က အစ သတိထားနေရတဲ့ ရန်ကုန်မြို့ကြီးကို အစိုးရက ဘယ်လို ဆောင်ရွက်ပေးမှာလဲ....

မိမိပတ်ဝန်းကျင်က သူငယ်ချင်းမိန်းကလေးတွေ အန္တရာယ်ဖြစ်မှာကို စိုးရိမ်တဲ့ သူတစ်ဦးက ယခုလိုဘဲ သတိပေးထားပါတော့တယ်။

"ရန်ကုန်မြို့က မိန်းခလေးတွေအတွက် လုံးဝ လုံးဝ မလုံခြုံတော့ဘူး"

ဒီစကားကိုမပြောတော့ပါဘူးစဉ်းစားထာတာ ကိုယ့်သူငယ်ချင်းမိန်းခလေးတွေပါ တွေကြုံလာရလို့၊ ကျန်တဲ့မသိသေးတဲ့မိန်းခလေးတွေပါသိအောင် မခံရအောင် ပြောမှဖြစ်တော့မယ်။ ဘယ်သူမှ မပြောတာလဲပါတယ်။ (အထူးသဖြင့် ကိုယ်ချစ်ရတဲသူကြုံမှာ စိုးရိမ်တယ်)။ နောက် ရန်ကုန်မှာ နှာဘူးတွေ များသထက်များလာတယ်။ ပြောရတာလဲ ရှက်တယ်။ အထူးသဖြင့် တက္ကစီသမားတွေ။

ဖြစ်ရက် (တစ်)

ကျတော့ သူငယ်ချင်းမတစ်ယောက်က မနက်တိုင်းရုံးကို တက္ကစီနဲ့သွားတယ်။ တစ်မနက် တက္ကစီငှါးတယ်။ ကားက လမ်းတစ်ဝက်နားရောက်တော့ သွားနေကျလမ်းကမသွားဘဲ လမ်းကြောင်းပြောင်းသွားတယ်တဲ့။ နောက် မှန်တွေအကုန်ပိတ်တယ်။ မှန်က စတေကာကပ်ထားတယ်။ အပြင်က မမြင်ရဘူး။ ပုံမှန်အဲကွန်းဖွင့်တယ်ဘဲ ထင်တာပေါ့ သူငယ်ချင်းမက။ နောက် အဲကွန်းကို စပရေးဗူးဖြန်းသတဲ့။ အနံ့က တစ်မျိုးကြီးတဲ့။ အဲ စပရေးလုံးဝမဟုတ်ဘူး။ သူခေါင်းတွေမူးလာတယ်တဲ့။ ဒါနဲ့ မှန်တွေပြန်ချဖို့ပြောတော့ ဘာလို့ချမှာလဲတဲ့ အဲကွန်းဖွင့်ထားတယ်တဲ့ မောင်မင်းကြီးသား တက္ကစီသမားက။ နောက်ကားကိုအတင်းရပ်ခိုင်းပြီးဆင်းလိုက်ရတယ်တဲ့။ ကျနော့သူငယ်ချင်း ဒေါသလဲထွက်၊ ကြောက်လို့ အသားတွေတောင် စက်စက်တုန်တယ်တဲ့။ တကယ်လို့တံခါးက လောခ်ချထားလို့ ထွက်မရရင် ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မသိနိူင်ဘူး။

ဖြစ်ရက် (နှစ်)

ဒီနေ့ဘဲ နောက်သူငယ်ချင်းမက ဖုန်းဆက်ပြောပြတာ။ သူရယ် နောက်လုပ်ဖော်ကိုင်ဘက် မိန်းခလေးတစ်ယောက်ရယ် ထုံးစံအတိုင်း customer တွေရဲ့ဆိုင်တွေကို သွားတယ်။ ပထမခရီးကို သူတို့က လိုင်းကားဘဲ စီးလေ့ရှိတယ်။ ဒီနေ့ကျတော့ လိုင်းကားပေါ်မှာ လူသိပ်မရှိဘူး။ အဲ့ဒီမှာ ယောကျာ်းတစ်ယောက်က သူတို့ဘေးနားထိုင်ချင်လို့ဆိုပြီး မျက်နှာပြောင်ပြောင်နဲ့ဝင်ထိုင်တယ်။ မှတ်တိုင်ရောက်တော့ သူတို့ဆင်းတော့လဲ အနောက်က လိုက်လာတယ်။ ဒါနဲ့ အခြေအနေမကောင်းဘူးဆိုပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဝင်ထိုင်

တော့လဲ သူတို့ဝိုင်းမှာ မျက်နှာပြောင်တိုက် ဝင်ထိုင်သတဲ့။ မိန်းခလေးတွေဆိုပြီး ဘယ်လောက်လူပါးဝလဲဆိုတာ မြင်နိုင်တယ်။ ဒါနဲ့မဖြစ်တော့ဘူးဆိုပြီး ရုံးကို ဖုန်းဆက်ပြီး အားခြင်းလာခေါ်ဖို့ပြော။ နီးဆက်ရာသူငယ်ချင်းကို ဖုန်းဆက်ခေါ်လုပ်ရတယ်။ ရုံးက အကိုတစ်ယောက်ချက်ခြင်းရောက်လာလို့ သက်ပြင်းချနိုင်ကြတယ်။ အဲ့ဒီကောင်ကို ရုံးကအကိုက ဒါငါ့ညီမတွေ မင်းဘာလုပ်တာလဲ မေးတော့ သဘောကျလို့တဲ့။ ကျနော် သူငယ်ချင်းမပြောနေရင်းနဲ့တောင် အဲ့အကောင်မျက်နှာကို ဖြတ်ရိုက်ချင်မိတယ်။ အဲ့အကိုက မင်းထပ်လုပ်ရင် မင်းနဲ့ငါနဲ့တွေ့ မတွေ့ရင် မင်းကို ရဲလက်အပ်မယ်မယ်ပြောလိုက်တယ်တဲ့။ ဆေးကြောင်နေတာ ထင်ပါရဲ့။

ရဲကော၊ အနီးအပါးလူတွေကော မိန်းခလေးတစ်ယောက်တကယ်ဒုက္ခတွေ့ရင် မကူညီနိုင်ပါဘူး။ မြန်မာမိနိးခလေးတွေက ခေတ်အဆက်ဆက် ကိုယ့်ပြသနာကို ကြိတ်ဖြေရှင်းခဲ့ရတာကြီးဘဲ။ အဲ့တော့ နေ့ခင်းဘက်ဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် အရဲစွန့်ပြီး တက္ကစီတို့၊ လူးပါးတဲ့ လိုင်းကားတို့ မစီးလိုက်ပါနဲ့။ ဘာဖြစ်မလဲ ဘယ်သူမှမသိသလို၊ ဖြစ်လာရင်လဲ ဘယ်သူမှ အားကိုးလို့ရမယ် မထင်ဘူး။ ရဲကအစ။ အဲ့ဒီတော့ ဘယ်သွားသွား အဖော်ပါပါစေ။ အိမ်သွားအိမ်ပြန် အိမ်ကို လာကြိုခိုင်းပါ။ အဖော်မရှိဘူးဆို၊ အဖော်ရှိတဲ့အချိန်ထိစောင့်၊ ဒါမှမဟုတ် သွားမနေပါနဲ့တော့၊ ကိုယ့်လုံခြုံရေးထက် ဘာဟာမှ အရေးမကြီးဘူး။ နောက် အချင်းချင်းကူညီကြပါ။ ပစ်မထားလိုက်ပါနဲ့။' ဆိုပြီး ယခုတလော မိန်းကလေးတွေ တွေ့ကြုံနေရတဲ့ ဒုက္ခတွေကို ပြောပြသွားပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။