ဒီပန်းခြံကြီးကို ၁၈၅၇ခုနှစ်က စတင်ပြီး ပြုစုပျိုးထောင်ခဲ့တာပါ။ မြေဧကပေါင်း ၇၇၈ဧကပေါ်မှာ တည်ဆောက်ခဲ့ပြီး အဲဒီအချိန်က ဒေါ်လာ ၅သန်းခန့် ကုန်ကျခဲ့ပါတယ်။ တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်တွေရဲ့အမည်ကတော့ Frederick Law Olmsted နဲ့ Calvert Vaux တို့ဖြစ်ပါတယ်။ တစ်နှစ်ခန့်တည်ဆောက်ခဲ့ပြီး ၁၈၅၈ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အတွင်းမှာ ဆက်လက်တည်ဆောက်ခဲ့ပြီး ၁၈၇၃မှာတော့ ပိုမိုကြီးထွားလာကာ ၈၄၃ဧက(၁.၃ စတုရန်းမိုင်) အထိရှိလာတာဖြစ်ပါတယ်။

Photo Credit:Google
Photo Credit:Google
Photo Credit:Google

ပန်းခြံထဲမှာသစ်ပင်ပေါင်း ၂၆၀၀၀ ကျော် စိုက်ပျိုးထားပြီး ၁၇၀၀ကျော်က အမေရိကန် elms ပင်တွေဖြစ်ပါတယ်။ အခြားအပင်ငယ်လေးတွေကို စုပေါင်းရေတွက်မယ်ဆိုရင်တော့ ၂သိန်း ၇သောင်းခန့်ရှိမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှဉ့် ၊ မြောက်အမေရိကရှဉ့် ၊ ရက်ကွန်း ၊ အမေရိကန်သားပိုက်ကောင်အငယ်စား နဲ့ ငှက်အမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ စုစုပေါင်း လူသွားလမ်းအရှည်ပေါင်း ၅၈ မိုင်ခန့်ရှိပါတယ်။ အရှည်ဆုံးပတ်လမ်းကြောင်းတစ်ခုတည်းတင် ၆.၁မိုင်ရှိပါတယ်။ဒီပန်းခြံထဲမှာ လူလုပ်ရေကန် ၇ကန်လည်း ပါဝင်ပါသေးတယ်။

Photo Credit:Google
Photo Credit:Google

လမ်းလျှောက်တဲ့သူများ အပန်းဖြေအနားယူဖို့အတွက် လမ်းဘေးတစ်ချက်စီမှာ ထိုင်ခုံပေါင်း ၉၀၀၀ကျော်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ မြင်ကွင်းတွေ လန်းဆန်းစေဖို့ ရုပ်တုပေါင်း ၅၁ရုပ် ၊ တံတားခုံးပေါင်း ၃၆ ခု နဲ့ ရေပန်း ၁၀၀ကျော်ကိုလည်း တည်ဆောက်ထားပါတယ်။ ကစားကွင်းတွေ ၊ ပြဇာတ်ရုံ ၊ တိရစ္ဆာန်ရုံ နဲ့ပြတိုက်တွေရှိတဲ့အပြင် လူပေါင်း ၁သန်းဝန်းကျင် တစ်ပြိုင်နက် Live Show ပွဲကြည့်နိုင်တဲ့နေရာလည်းရှိပြီး ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ရှင်ကားတွေထဲမှာ ထည့်သွင်းအရိုက်ခံရဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ အမေရိကန် Interior ဌာနက နိုင်ငံသမိုင်းအထိမ်းအမှတ်နေရာတစ်ခုအဖြစ်သတ်မှတ်ပြီး ၂၀၁၇မှာတော့ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

Photo Credit:Google
Photo Credit:Google

သတင်းအရင်းမြစ်: Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။