လမ်းထိပ်မှာ မိသားစုအလှူလေးပြုလုပ်ဖို့အတွက် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့အတူ ကိုယ်တိုင်ပြင်ဆင်ပြီး ချက်ပြုတ်နေခဲ့တဲ့ ပိုးကြာဖြူခင်

//s9.kh1.co/f3/f34cd5f86b3be150604da838496a9c4135d06771.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

လမ်းထိပ်မှာ မိသားစုအလှူလေးပြုလုပ်ဖို့အတွက် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့အတူ ကိုယ်တိုင်ပြင်ဆင်ပြီး ချက်ပြုတ်နေခဲ့တဲ့ ပိုးကြာဖြူခင်

မင်းသမီးပိုးကြာဖြူခင်ကတော့ MRTV - 4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေကာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ပိုးကြာဖြူခင်ကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လူထုလှုပ်ရှားမှုတွေမှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။

photo credit : poe kyar phyu khin ' s facebook page

အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင်သလောက်ပါဝင်လှူဒါန်းလေ့ရှိတဲ့ မင်းသမီးချောပိုးကြာဖြူခင်ကတော့ တက်တက်ကြွကြွနဲ့ လူထူလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ လမ်းထိပ်မှာကြက်သားခေါက်ဆွဲကြော်နဲ့အအေးတွေလှူဒါန်းဖို့အတွက် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့အတူ ကိုယ်တိုင်ပြင်ဆင်ပြီး ချက်ပြုတ်နေခဲ့ပါတယ်။

photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page

ပိုးကြာဖြူခင်ကတော့ " ဒီနေ့ ကျမတို့ မိသားစု ရဲ့ ကြက်သားခေါက်ဆွဲကြော် အလှူအတွက် ချက်ပြုတ် ပြင်ဆင်နေပါပြီ "ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လမ်းထိပ်မှာအလှူပြုလုပ်ဖို့အတွက် ကိုယ်တိုင်ပြင်ဆင်နေတဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

Source : poe kyar phyu khin ' s facebook page

photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page
photo credit : poe kyar phyu khin ' s facebook page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T