အမေရိကန်နိုင်ငံမှာရှိတဲ့ ဦးသန့်ကို ဂုဏ်ပြုထားတဲ့ကျွန်းလေး

//s9.kh1.co/e8/e87546103192886547b4d967e844abc815192b3a.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာလူမျိုး ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ကတော့ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာကပါ လေးစားအားကျခဲ့ရတဲ့ ပုဂ္ဂိုလ် တစ်ဦးပဲ ဖြစ်ပါတယ်။

ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်နိုင်ငံဟာ ဆိုရင်လည်း နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးကို ဦးသန့်ကျွန်းဆိုပြီး နာမည်ဖြင့် ပြောင်းလဲ ပေးခဲ့ပါတယ်။ ၄င်း ကျွန်းငယ်လေးဟာ ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် (Gantry Plaza State) ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှာရှိတဲ့ ကျွန်းငယ်လေး ပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

တစ်ကယ်တော့ ဒီကျွန်းလေးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ကျွန်းမဟုတ်ပဲ လူလုပ်ကျွန်းလေးတစ်ကျွန်းသာ ဖြစ်ပါတယ်။ ဒီကျွန်းလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ လေးစားအားထားရသော ဒဿနပညာရှင်၊ ဂုရု Sir Chinmoyက ဦးဆောင်ပြီး အတည်ပြုပေးခဲ့တာပါ။ Sir Chinmoyဟာ ဦးသန့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်းဖြစ်တာကြောင့် Sir Chinmoy ကိုယ်တိုင် Belmont ကျွန်းလို့ ခေါ်တဲ့ ၄င်းကျွန်းလေးကိုဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo from google
Photo from google

ဒီကျွန်းလေးရဲ့ အရွယ်အစားဟာ ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိပြီး ကမ္ဘာ့အထူးဆန်းဆုံး ကျွန်းဆယ်ခုထဲမှာလည်း ပါဝင်နေတဲ့ ကျွန်းလေးလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အသေးငယ်ဆုံးသော ကျွန်းကလေး ဖြစ်ပြီး ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာပေါ်တွင် နာမည်ကြီး ထင်ရှားစွာရှိနေပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T