မြန်မာပြည်မှာ တကယ့်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေ ကမ္ဘာက သိအောင် speechပြောရင်း ဆွေးနွေးသွားမယ့် အကြောင်းပြောလာတဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/69/69ad6e114e3cd3f5839fb36e32ae8db861f6c3ce.jpg
အနုပညာရှင်များ

 ၂၄-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီတစ်ခေါက်မှာတော့ ပရိသတ် အချစ်တော် မော်ဒယ်လ် ဥက္ကာမင်းမောင် ဟာ ဆိုရင်ဖြင့် သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အရေးတွေနဲ့ ပတ်သတ်ပြီး သူ့ဘက်ကနေ ကမ္ဘာက သိအောင် speech ပြောရင်း ဆွေးနွေးသွားမှာကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

"အားလုံးကို တစ်ခုလောက် အကူအညီတောင်းခံချင်ပါတယ်.. အခုလာမည့် သောကြာနေ့ US time 11 am (မြန်မာစံတော်ချိန် ည ၁၀ နာရီ ခွဲ)မှာ Non-Governmental Organization တစ်ခုဖြစ်တဲ့ New York အခြေစိုက် Outright Action International ရဲ့ Webinar online conference မှာ မြန်မာပြည်ရဲ့ လက်ရှိဖြစ်နေတဲ့ အရေးတော်ပုံ အကြောင်း ကို ကျွန်တော် speech ပြောရင်းဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်... ဒီWebinar ကို သံတမန် diplomat များ, donars များနှင့် နိုင်ငံတကာမှ သူတို့အဖွဲ့အစည်းနှင့်ချိတ်ဆက်ထားပြီးသား သူများ register လုပ်ပြီး ကြည့်ရှူမှာဖြစ်ပါတယ်....."

Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account

"ဒီ Organization ဟာ LGBTIQ Human rights တွေကို ကမ္ဘာ့နိုင်ငံပေါင်းများစွာ နဲ့ ဦးစီးပြီး လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်းတခုပါ.. သူတို့ အကြောင်းသိချင်ရင် website link ကဒီမှာပါ.. https://outrightinternational.org/

ကျွန်တော်သည် ကြည့်ရှုနေမည့် တကမ္ဘာလုံးက လူတွေကို ကုလသမ္မဂက မြင့်သူလိုတော့ အမှားတွေ တင်ပြနေမည်မဟုတ်ပါ.. ကျွန်တော်တို့ မြန်မာပြည်မှာ တကယ့်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေ.. စစ်တပ်က မတရားပြည်သူကို ပစ်ခတ် သတ်ဖြတ်တာတွေ၊ မတရားခံနေရတာ တွေကို ကျွန်တော် တတ်နိုင်တဲ့ဘက်က ဘယ်လောက်အတိုင်းအတာပဲရောက်ရောက် အားလုံးသိအောင် ဆက်လက်လုပ်ဆောင်သွားပါမယ်.. အရင်က စစ်အာဏာရှင် စနစ် ဆိုးရွားတာ စီးပွားရေးတွေ လက်ဝါးကြီးအုပ်ခဲ့တာတွေဟာ ကမ္ဘာ့နိုင်ငံပေါင်းများစွာက dictatorship ဘယ်လိုလဲဆိုတာ သေချာမသိကြပါဘူး...ဒီအရေးမှာ LGBTIQ များ၏ ပါဝင်မှူ၊ သေဆုံးသွားခဲ့ရတဲ့ သတင်းများနှင့်တကွ လက်ရှိ update news တွေ စုပေါင်းပြီး ကျွန်တော်ပြောမယ့် Speech လဲပြင်ဆင်ပြီးပါပြီ..... "

Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account

"ကျွန်တော် အကူအညီတောင်းချင်တာကတော့ လက်ရှိ ပြည်တွင်းမှာ ဖြစ်နေတဲ့ မတရားမှုများစွာ နောက်ထပ်တိုးသတင်းတွေက တအားများတော့ ပြည်သူတွေ တကမ္ဘာလုံးကို သိစေချင်တာများရှိရင်.. မတရားမှုများကို ဒီ post ရဲ့ comment box မှာ English လိုရေးပေးစေချင်ပါတယ်.. Speech မှာ ထပ်ဖြည့်စွက်သင့်တာများ ဖြည့်စွက်ဖို့ အတွက်ရော Webinar ကျင်းပမယ့် အချိန် တစ်နာရီခွဲ အတွင်း

ကိုယ့်ဘက်ကတတ်နိုင်သလောက် information ပြည့်ပြည့်စုံစုံ ပေးချင်လို့ပါ.. လက်ရှိသတင်းတွေ တအားများတော့ ကျွန်တော် လဲ တချို့ သတင်းတွေ မတွေ့သေးတာတွေရှိရင် English လို comment box မှာရေးပေးပါခင်ဗျာ.. မြန်မာပြည်မှ LGBTIQ တွေရဲ့ ဒီအရေးမှာ ပါဝင်နေမှုကိုလဲ ကမ္ဘာက သိအောင် သူတို့ရဲ့ ကြိုးပမ်းမှုတွေကိုလဲ ဆက်လက်ပြီး ရှေ့ဆက် လုပ်ဆောင်ကြမယ်ဆိုတာ ကျွန်တော် ဒီအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားပါမယ်.. မကြာခင်လဲ CDM ပါဝင်တဲ့ သူတွေ အတွက် fundraising ကို ဒီက အဖွဲ့ အစည်းတွေနှင့် စကားပြောပြီးရင် ကိုယ်တိုင်ကမကထလုပ်ပြီး ဆောင်ရွက်ပါမယ်ခင်ဗျာ.. Webinar ကို register လုပ်ပြီး ကြည့်နိုင်မယ့် link ကိုလဲ မကြာခင်တင်လိုက်ပါမယ်ခင်ဗျာ......" ဆိုပြီး ဖော်ပြလာတာကို ပရိသတ်တွေ အတွက်ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်.......။

Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account
Photo Crd - Okkar Min Maung's FB account

သတင်း အရင်းအမြစ်Okkar Min Maung's FB account

Win Zaw Oo
A Win

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T