ရှေ့ထွက်မရပေမယ့်လည်း နောက်ကွယ်ကနေ သူလုပ်နိုင်တာလေးတွေကို ကြိုးစားလုပ်ပေးနေရှာတဲ့ ခင်ပွန်းရဲ့အကြောင်းကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/28/28247f0cfb2abeedda09d05304c6895232ff9d65.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရှေ့ထွက်မရပေမယ့်လည်း နောက်ကွယ်ကနေ သူလုပ်နိုင်တာလေးတွေကို ကြိုးစားလုပ်ပေးနေရှာတဲ့ ခင်ပွန်းရဲ့အကြောင်းကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ဒါရိုက်တာဏကြီးနဲ့ ထိမ်းမြားလက်ထပ်ပြီး နှစ်ကိုယ်တူဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက အရမ်းလိုက်ဖက်ပြီး ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေး ဖြစ်တာကြောင့် ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ် ။ အခုလိုအချိန်မှာလည်း ဏကြီးနဲ့ ပိုင်ဖြိုးသုတို့နှစ်ယောက်လုံးက လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်သလို ကိုယ့်နိုင်ငံအတွက် တတ်နိုင်သလောက် ကြိုးစားပေးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page

ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက လမ်းပေါ်ထွက်ပြီး လူထုနဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်ပြခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာထက်တစ်ဆင့် ပြည်သူတွေစိတ်ဓာတ်မကျရအောင် အမြဲတမ်းအားပေးနေတာလည်း ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပိုင်ဖြိုးသုက နောက်ကွယ်ကနေ နိုင်ငံ့အကျိုးအတွက် သူလုပ်နိုင်တာလေးတွေလုပ်ပြီး ကြိုးစားပေးနေတဲ့ ခင်ပွန်းဖြစ်သူဏကြီးရဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။

Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page & D1P
Photo Credit -Paing Phyoe Thu's FB Page & D1P
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page

ပိုင်ဖြိုးသုက "Day-1 ကစလို့ သူလုပ်စရာရှိတာလေးပဲ တစိုက်မတ်မတ်လုပ်တဲ့သူကြီး...သူ့ကိုဝရမ်းထုတ်တာတောင် ဘာမှစိတ်တိုခြင်း စိုးရိမ်ခြင်းမပြ ကိုယ်ပိုင်ခံစားချက်တစ်ခုမှမရှိသလို " အေးလေ....ရှေ့ထွက်လုပ်လို့မရလည်း နောက်ကွယ်က လုပ်လို့ရတာတွေ လုပ်မှာပေါ့" လို့ တစ်ခွန်းတည်းပြောရှာတဲ့ ကျွန်မရဲ့ရေခဲတုံးကြီး....ဒီနေ့တော့ တစ်ခွန်းပြောရှာတယ်..."ကျွန်တော် ရုပ်ရှင်ရိုက်ကွင်းတွေတော့ လွမ်းသား...." တဲ့ တစ်သက်လုံးရုပ်ရှင်ရိုက်ဖို့ကလွဲ ဘာမှစိတ်မဝင်စားခဲ့တဲ့ ကျွန်မရေခဲတုံးကြီး အခုတော့ မတရားတာကို လက်ပိုက်ကြည့်မနေနိုင်လို့ အားလုံးနဲ့အတူ နိုင်တဲ့ဝန် ဝင်ထမ်းရင်း သူ့ရုပ်ရှင်ရိုက်ကွင်းတွေကို သတိရနေရှာတယ် " လို့ရေးသားကာ ချစ်ခင်ပွန်းဦးဏကြီးနဲ့ပတ်သက်ပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit -Paing Phyoe Thu's IG Story

Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's IG Story
Photo Credit -Paing Phyoe Thu's IG Story
Photo Credit -Paing Phyoe Thu's FB Page
Photo Credit -Paing Phyoe Thu's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T