ချစ်ပရိသတ်ကြီးရေ.....သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်း ကတော့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိူလေးတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပြီး မြင်သူတိုင်းကို အေးချမ်းစေတဲ့ အလှလေးနဲ့ မျက်နှာမြင် ချစ်ခင်ပါစေဆုကို မတောင်းပဲပြည့်တဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။နန်းစန္ဒာလှထွန်းဟာ ဇာတ်လမ်းတွဲများစွာကို ရိုက်ကူးထားတာ ဖြစ်ပြီး "ရီဝတီ" ဇာတ်ကောင်နဲ့ လူသိများလာကာ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာခဲ့တဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်နော်....။
နန်းစန္ဒာလှထွန်းက လက်ရှိမှာဆိုရင်တော့ မြန်မာပြည်ကြီးအေးချမ်းစေနိုင်ဖို့ အတွက် ပြည်သူ လူထုနဲ့ အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ပါဝင်လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာ ပဲဖြစ်ပါတယ်။သူမကတော့ ပြည်သူတွေနဲ့ တစ်သား တည်း နေပူထဲတွင် မမောမပန်း တက်ကြွစွာ ပူပေါင်းအားဖြည့်နေတဲ့ အပြင် အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် ကူညီ ပါဝင်လှူဒါန်းမှုတွေကို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။သူမနဲ့ အတူ တစ်စိတ်တပိုင်း လှူဒါန်းချင်သူတွေကိုလည်း နန်းကို ဆက်သွယ်ပေးလို့ရကြောင်းကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်တွင် တင်ပေးထားတာ တွေ့ရပါတယ်နော်.....။
နန်းက "“ နွေဦးတော်လှန်ရေး တစိတ်တပိုင်း “၂၄.၂.၂၀၂၁ ... ဒီနေ့သူငယ်ချင်းတွေနဲ့အတူ မြေနီကုန်း လှည်းတန်း စင်္ကာပူသံရုံးနားမှာ အလှူရှင်တွေရဲ့ .. ဒီနေ့အဖို့ ___ ကြာဇံကြော် ၁၅၀၀ အချိုရေနဲ့ရေ ၁၀၀၀ ဓားလှီးပါမုန့် ၁၀၀၀ စီတို့ကို ဝေပေးဖြစ်ခဲ့တယ် ။ အလှူရှင်တွေအနေနဲ့ ပါဝင်လှူဒါန်းချင်ရင် နန်းနန်းကို ဆက်သွယ်ပေးပါရှင့် ?"ဆိုပြီး သူမရဲ့Social Networt ထက်တွင် ရေးသားဖော်ပြကာ ကြည်နူးစရာ ပုံရိပ်လေးတွေကို တင်ပေးလာတာ ဖြစ်ပါတယ်။နန်းရဲ့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြမှာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Nan Sandar Hla Htun FB Account