လမ်းပေါ်ထွက်နေကြတဲ့ပြည်သူတွေအားလှူဒါန်းရန် ကိုယ်တိုင်အပင်ပန်းခံချက်ပြုတ်ကာလုပ်အားဒါနအနေနဲ့ပါဝင်ကူညီပေးနေတဲ့ပွင့်နဒီမောင်

//s9.kh1.co/95/95a07afa93fdddf1d00c23cacfe6cf5e84dda629.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီးချောလေး  ပွင့်နဒီမောင်ကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာကို  သိမ်းပိုက်ရရှိခဲ့တဲ့  မင်းသမီးတစ်လက်လည်း  ဖြစ်ပါတယ်။  ပြည်သူတွေထဲက  ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင်  ကျရာအခန်းကဏ္ဍကနေ  အုတ်တစ်ချပ်  သဲတစ်ပွင့် ပါဝင်လုပ်ဆောင်ပေးနေတာလည်း  ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ကာ  သူတို့ရဲ့ရင်ထဲကဆန္ဒအမှန်တရားတွေကို ထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက်  စားစရာ၊သောက်စရာများကိုလည်း  တစ်နေ့တစ်မျိုးလှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Pwint Nadi Maung’s Facebook Account 
Photo Crd-Pwint Nadi Maung’s Facebook Account 
Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;<br>
Photo Crd-Pwint Nadi Maung’s Facebook Account 
Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;
Photo Crd-Pwint Nadi Maung’s Facebook Account 

ပွင့်နဒီမောင်ဟာ  အခုလိုအခြေအနေမှာ  ကိုယ်တတ်နိုင်တဲ့ဘက်ကနေ  ပြည်သူတွေအဆင်ပြေအောင်  ပူးပေါင်းပါဝင်ပေးနေတာလည်း  ဖြစ်ပါတယ်။ 

ဒီနေ့မှာလည်း  ပြည်သူတွေ  ထမင်းမြိန်စွာ  သုံးဆောင်နိုင်ရန်  မနေ့ညကတည်းက  သူမကိုယ်တိုင်အပင်ပန်းခံကာ  ကြိုစားချက်ပြုတ်ပြင်ဆင်နေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ပွင့်နဒီမောင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ  ဟင်းချက်နေတဲ့ပုံလေးတွေ  တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;
Photo Crd-Pwint Nadi Maung’s Facebook Account 
Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;
Photo Crd-Pwint Nadi Maung’s Facebook Account 

" ကြက်သားဟင်း

မရမ်းသီးငပိထောင်းနဲ့သခွားသီးတို့စရာ

ပွဲ ၁၀၀၀ အောင်မြင်စွာချက်ပြီးကြောင်း

အလှူရှင်များဒီထက်မက လှူဒါန်း နိုင်ပါစေ

သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ

ချက်ချင်းပြည့်ပါစေ

မရမ်းသီးထောင်းလေးကတော့ ချစ်မေမေလက်ရာ

ရှယ်ပဲ " ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပြီး ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။  အနုပညာရှင်တွေသာမကဘဲ  အခြားသောပြည်သူများကလည်း  လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေအတွက်  စားစရာ၊သောက်စရာများနဲ့ နေလောင်ခံ cream တွေလှူဒါန်းပေးနေကြသူများကိုလည်း  ဒီထက်မက ကြီးပွားချမ်းသာတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Pwint Nadi Maung’s Facebook Account 

Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;
Photo Crd-Pwint Nadi Maung’s Facebook Account 
Photo Crd-Pwint Nadi Maung’s Facebook Account&nbsp;<br>
Photo Crd-Pwint Nadi Maung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T