ပထမနှစ်ကျောင်းသူဘဝတုန်းက ကျောင်းတက်ရင်း ရခဲ့တဲ့အလုပ်တစ်ခုကို ဆင်းရဲပေမယ့် ပြတ်သားစွာငြင်းပယ်ခဲ့တယ်ဆိုပြီး ပြန်လည်ပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/27/278047d9ffef4feedd67ea13c48e218e938b7ddf.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင် အေးသီတာ ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ​ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်နဲ့ ဆက်လက် လုပ်ကိုင်နေတဲ့အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်းကြိုးကြိုးစားစားလုပ်ကိုင်နေတာတွေ့ရပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာလည်း အေးသီတာက ပြည်သူပြည်သားတွေ နဲ့အတူ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ယခုမှာတော့ အေးသီတာ သူမ ကျောင်းသူဘဝတုန်းက အလုပ်တစ်ခုကို ငြင်းပယ်ခဲ့တဲ့ အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။

Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account

" ကိုယ်တွေ(၈၈)အရေးအခင်းပြီး 1st year ပြန်တက်တော့ အဲ့လူကြီးကထောက်လှမ်း စာရေးကလားဘာလားမသိပါဘူး အဖေနဲ့ကိုယ့်ကိုကောင်စီရုံးမှာခေါ်တွေ့တယ်.....သမီးကျောင်းတက်ရင်းနဲ့အလုပ်ရ ၊ ပိုက်ဆံလည်းရ ၊ မိဘကိုလည်းထောက်ပံ့နိုင်၊ ဘယ်လိုဘယ်လောက်ရမှာကိုယ်တွေ အဲ့တုန်းက ဆင်းကလည်းဆင်းရဲတက္ကသိုလ်ကျောင်းသူလေးဆိုတော့ ပိုက်ဆံတွေအများကြီးလည်းရ ကျောင်းလည်း လှလှပပတက်မိဘကိုလည်း ပြန်ထောက်ပံ့နိုင်မယ်ဆိုတော့ အမလေးငါကံကောင်းလိုက်တာပေါ့ဟုတ်လုပ်မယ်ဦး ဘာလုပ်ရမလည်းဆိုတော့မှကျောင်းသား သူငယ်ချင်းတွေကြား သူတို့ဘာပြောတယ် ဘာလုပ်တယ်ဆိုတာကို အသံဖမ်ပြီးရင် သူတို့ကို နေ့တိုင်းသတင်းပို့ရမယ်ဆိုဘဲဟင်အေးသီတာငွေမက်မ ဘာမှတောင်မစဥ်းစားလုံးဝလုံးဝမလုပ်နိုင်ပါဘူးလို့ ငြင်းချလိုက်တယ် အဖေကလည်း အဲ့လူကြီးကို အားတွေနာလို့သူကအမျိုးမျိုးစည်းရုံးသေးတယ် ...

Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account
Photo Credit - Aye Thida fb account

နောက်တော့ခြိမ်းခြောက် ဒီကလည်းအပြတ်ပါဘဲ သမီးကိုယ့်သူငယ်ချင်း မိတ်ဆွေတွေအပေါ် သစ္စာဖောက်ပြီးမှထမင်းစား ၊ရွှေဝတ်ရမယ်ဆိုရင်တော့ သမီးလျှာပေါ်မြက်ပေါက်ပါစေဦးရယ်လို့ ဟုတ်တယ်လေ ကိုယ်က အပေါင်းအသင်းပေါမှပေါ ရယ်စရာတွေပြောပြောရင်းနဲ့သူတို့ဘာသာ သူတို့လည်း မကျေနပ်တာတွေပြောခြင်းပြောမှပေါ့ အဲဒါကိုကိုယ်က သပ်သျှိုပြီး သူတို့စကားတွေပို့ပြီး ထမင်းစားရမှာလားဟယ်....

သူတို့ဘာသာရင်ထဲက တကယ်ပါချင်လည်းပါမယ်မပါချင်လည်းမပါ.....ခင်မင်ရသူရှေ့မို့လွတ်လွတ်လပ်လပ်ပြောတဲ့ စကားတွေကိုချောက်ချရမယ့်အလုပ် အဲ့ကတဲ့က ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့လိုသတင်းပေးရှိနေနိုင်တယ်ဆိုတာ အရမ်းကြောက်သွားပြီး နိုင်ငံရေးအကြောင်းပြောရင်း အပြောမခံတော့ပြောချင်တဲ့ သဘောခု ရပ်ကွက်တွေလမ်းတွေမှာသူတို့လူအသစ်တွေတင်နေတယ်.....

ဘာသဘောလည်း အခုလွတ်လွတ်လပ်လပ်သံဗုံးတွေတီး လွတ်လွတ်လပ်လပ် စိတ်တူကိုယ်တူနိုင်ငံရေးအကြောင်း ပြောမယ် ဆဲချင်လည်းဆဲကြမယ်.....အဲ့လူတွေ လုံခြုံပါတော့မလား....၈၈နဲ့ရွှေဝါရောင်တော်လှန်ရေး ညတွေလိုပြန်မရောက်ချင်ဘူး"ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - Aye Thida fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T