သနပ်ခါးကြိုက်တဲ့ မိခင်က ယခုလိုနေ့မျိုးမှာလည်း မျက်နှာထက်မှာ ဖွေးနေအောင် လိမ်းထားတာကို ကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ သရုပ်ဆောင် ရန်အောင်

//s9.kh1.co/22/22fd7b00273cb1a84b93ea3768c6d9bfc504a05d.jpg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ ဝါရင့် သရုပ်ဆောင် မင်းသားကြီး ဦးရန်အောင်ကတော့ အနုပညာလမ်းကြောင်းထက်မှာ နေရာတစ်ခုကို အခိုင်အမာရရှိထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်တတ်တဲ့ ဦးရန်အောင်က အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ပီပြင်ကောင်းမွန်ရုံသာမကပဲ အဆိုပိုင်းမှာလည်း ထူးချွန်တဲ့ သူက တေးသီချင်းတွေကိုလည်း သီဆိုလေ့ရှိတာဖြစ်ပါတယ်။

Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 

နှစ်ပေါင်းများစွာတိုင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တဲ့ ဦးရန်အောင်က မိဘအပေါ်မှာလည်း သိတတ်ပြီး လိုလေသေးမရှိပြုစုတတ်တဲ့ သားလိမ္မာလည်း ဖြစ်လို့နေပါတယ်။ ရရှိတဲ့ အနုပညာငွေကြေးနဲ့ မိဘကို ထောက်ပံ့တတ်တဲ့ ဦးရန်အောင်က ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ အားကျအချစ်ပိုကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် မိခင်ရဲ့ ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ တင်ပေးလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာပြန်ပါတယ်။

Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 

ဒါကတော့ အပြင်မထွက်ရပေမယ့် ပြည်သူတွေနဲ့အတူ သနပ်ခါး campaign မှာ ပါဝင်နေတဲ့ မိခင်ကြီးရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ မိခင်ကြီးရဲ့ ပုံလေးတွေအပြင် သရုပ်ဆောင် မင်းသားကြီး ဦးရန်အောင်က " မေမေ သနပ်ခါးချစ်တဲ့ မေမေ စီးဆင်းခဲ့ အကြွင်းမဲ့ ချစ်ချင်းတွေ မေမေဆို သံချို အိုအေး မေမေ...နေကောင်းလား.မေမေ ♥️??♥️??♥️??♥️ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 
Photo credit - Yan Aung's Facebook Account 

သတင်း အရင်းအမြစ်Source - Yan Aung's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T