တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက် ထမင်းနဲ့ဟင်းအပြင် အအေးများစွာကိုလိုက်ဝေငှခဲ့တဲ့ အလင်းရောင်

//s9.kh1.co/9f/9fb6416e353f55854507e2e4031264fb1d670b33.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

ပရိသတ်ကြီးရေ မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး အလင်းရောင်ကတော့ ဗလတောင့်တောင့်နဲ့ ယောက်ျားပီသတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော်တစ်ဦး ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်ပြီး ဆွဲဆောင်မှုအားပြင်းတဲ့ အလင်းရောင်က အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။

Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 

အလင်းရောင်ကတော့ လတ်တလောမှာ  ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူနဲ့အတူ ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ကာ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်များကိုလည်း ပရိသတ်တွေ သိရှိနိုင်စေရန် အချိန်နဲ့တစ်ပြေးညီ အဆက်မပြတ်ဖော်ပြလေ့ရှိပါတယ်။ 

Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 

လှုထုလှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့ရပ်တည်ကာ ပါဝင်ခဲ့သလို တတ်နိုင်တဲ့ဘက်ကနေလည်း လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်တွေကို လှူဒါန်းကာ ကူညီအားဖြည့်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အခုလည်း တက်ကြွစွာလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအစားအသောက်အဆင်ပြေစေရန် ထမင်းဟင်းနဲ့ အအေးများစွာကို သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းခဲ့ကြောင်းသူရဲ့အကောင့်လေးမှာ အလှူပုံလေးတွေနဲ့အတူ " ဒီနေ့ မြေနီကုန်းမှာ Protesters တွေအတွက် ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ( 288 ) ပွဲ Pocari Sweat ( 120 ) ဗူး Heffey Skincare ( 700 ) နဲ့ ရေသန့်များကို သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းဖြစ်ပါတယ် .....သနပ်ခါးကိုယ်စီနဲ့ နေပူပူအောက်က ကြွေးကြော်သံတွေကတော့ ညံမစဲပါပဲ .....အရေးတော်ပုံ အောင်ရမည် "ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 
Photo Credit : Alinnyaung Facebook Page 

Source & Photo Credit : Alinnyaung Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T