မင်းသမီးသင်ဇာဝင့်ကျော်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကာ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း ကိုယ်တိုင်ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ရှိပါတယ်။
ယနေ့မှာတော့ ပြည်သူတွေများစွာနဲ့ နာမည်ကြီးအနုပညာရှင်တွေများစွာဟာ သနပ်ခါးကမ်ပိန်းတွေပြုလုပ်နေကြပြီး ပါးပြင်ပေါ်မှာ သနပ်ခါးတွေကိုယ်စီလိမ်းခြယ်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတာပဲဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ အိမ်မှာနေရင်းနဲ့တောင် သနပ်ခါး Campaign မှာပါဝင်နေပြီး ငြိမ်းချမ်းစွာလူထုလှုပ်ရှားမှုပြုလုပ်နေကြသူတွေကို ဘေးကင်းစေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ " ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူများ ဘေးရန်ကင်းကြပါစေ ၂၅.၂.၂၀၂၁သနပ်ခါးတိုက်ပွဲနွေဦးတော်လှန်ရေးအရေးတော်ပုံအောင်ရမည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ သနပ်ခါးပါးကွက်ကြားလေးနဲ့ မြင်ရသူတိုင်းကို အချစ်ပိုစေခဲ့တဲ့ မင်းသမီးသင်ဇာဝင့်ကျော်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source: thin zar wint kyaw ' s facebook acc