ကမ္ဘာပေါ်မှာ အကောင်အကြီးဆုံးက ဝေလငါး ဖြစ်ပေမယ့် အလေးချိန်အရှိဆုံးငါးကတော့ ဝေလငါးမဟုတ်ပါဘူး။
ကမ္ဘာ့အလေးချိန်အရှိဆုံးငါးကိုတော့ Mola Mola ငါးလို့ခေါ်ကြပြီး ၉ပေ အရှည်ရှိတဲ့ဝေလငါးတစ်ကောင်ဟာ ပေါင် ၆၀၀ ခန့်လေးတဲ့အချိန်မှာ ၇ပေ ဝန်းကျင်ပဲ ရှိတဲ့ မိုလာမိုလာ ငါးတစ်ကောင်ဟာ ပေါင် ၂၀၀၀ ခန့် ရှိနေတတ်ပါတယ်။
Mola Mola ငါးတွေဟာ ရေအောက်ထဲမှာပဲမနေပဲ ရေပြင်အထက်ကိုတက်ပြီး နေရောင်ကို ထိတွေ့လေ့ရှိတာကြောင့် သူတို့ကို နေငါးလို့လည်း ခေါ်ကြပါတယ်။


ဒီငါးတွေရဲ့ ပုံမှန်အရွယ်အစားကတော့ ၆ ပေကနေ ၈ ပေအတွင်းရှိပြီး အကြီးဆုံးအကောင်တွေဆိုရင်တော့ ၁၁ ပေလောက်ထိရှိတတ်ပါတယ်။
အလေးချိန် အနေနဲ့ဆိုရင်လည်း အနည်းဆုံးပေါင် ၆၀၀ ကနေ ပေါင် ၅၀၀၀ ရှိကြပါတယ်။
သူတို့ရဲ့အဓိကအစားအစာက ဂျယ်လီငါးဖြစ်ပေမယ့် ဗီလာငါး ၊ အခွံမာကောင် ၊ ငါးအသေးလေးတွေ နဲ့ ရေမှော်တွေကိုလည်း စားတတ်ကြပါတယ်။ဒီငါးတွေ အကြောက်ရဆုံးအရာတွေကတော့ ပင်လယ်ဖျံ ၊ ဝေလငါး ၊ ငါးမန်း နဲ့ လူတို့ဖြစ်တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။


ဒီငါးတွေဟာ ရေမျက်နှာပြင်အထက်ပိုင်းမှာပဲ နေလေ့ရှိပေမယ့် ရေအောက်အနက်ပေ ၂၀၀၀ ခန့်အထိလည်း သွားလေ့ရှိတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။
ဒီငါးတွေကို ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာ အများဆုံးတွေ့နိုင်ပြီး ဂျပန် ၊ ကိုရီးယား ၊ ထိုင်ဝမ် တို့မှာလည်းတွေ့ရတတ်ပါတယ်။ နိုင်ငံအများစုက ကာကွယ်ပေးထားတဲ့ရေသတ္တဝါဖြစ်ပေမယ့် တရုတ် နဲ့ ဂျပန်တို့မှာတော့ အဓိက အရသာရှိတဲ့အစားအစာ တစ်ခုအဖြစ် စားသုံးခြင်းခံနေရပါတယ်လို့ သိရပါတယ်။


သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။