မော်ဒယ်ခေတ်ဦးမှာထဲကကျော်ကြားခဲ့ပြီး ခုချိန်ထိ လှပကျော့ရှင်းနေဆဲဖြစ်တဲ့သူကတော့ သန္တာလှိုင်ပဲဖြစ်ပါတယ် ။

ပရိတ်သတ်တွေကြားထဲမှာ ကိုယ်ခန္တာလှပပြီး ကျစ်လစ်သန်စွမ်းသူအဖြစ်နာမည်ကြီးတဲ့သူမဟာ T's Workshop ဆိုတဲ့ Gym သင်တန်းတစ်ခုဖွင့်လှစ်ထားပြီးတော့ သူမလိုကျန်းမာသန်စွမ်းပြီး လှပတဲ့ခန္တာကိုယ်ဖြစ်ချင်သူများအတွက်လမ်းညွှန်ပေးလျက်ရှိပါတယ် ။ အသက် ၄၀ ရှိပြီဖြစ်တဲ့ မော်ဒယ် သန္တာလှိုင်ဟာ ပထမခင်ပွန်းနှင့်တရားဝင် လမ်းခွဲပြီးနောက် သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူနေထိုင်နေတာဖြစ်ပြီး ယခုဝါကျွတ်ရင်တော့ မင်္ဂလာဆောင်တော့မယ်လို့ မင်္ဂလာသတင်းကိုပြောကြားထားတဲ့ သန္တာလှိုင်က သူမလက်တွဲမယ့်သူကိုရွေးချယ်ဖြစ်ပုံနဲ့ ပါတ်သတ်ပြီးတော့ 

" ရည်မှန်းချက်တွေအများကြီးရှိတဲ့ မိန်းမတစ်ယောက်အနေနဲ့ အားကိုးရလောက်တဲ့ အစ်မလိုမျိုးတော်ရုံတန်ရုံယောကျာင်္းကိုအထင်မကြီးတတ်တဲ့ အမျိုးသမီးတစ်ယောက်ကိုတောင်မှ မိသားစုဘဝနဲ့လိုက်ပြီးတော့ စိတ်လုံခြုံမှုပေးနိုင်တဲ့အရည်အချင်းရှိပြီး စိတ်ဓါတ်အရပါအားကိုးရတဲ့ယောကျာင်္းတစ်ယောက်ကိုလက်ထပ်တာဆိုတော့ ဒီတစ်ခါအမှားမရှိဘူးလို့ ထင်တာပဲ " လို့ Popular Journal ကအင်တာဗျူးတစ်ရပ်မှာ ပြောကြားထားပါတယ် ။ 

မိသားစုနဲ့ ဆက်ဆံရေးနဲ့ပါတ်သတ်ပြီး သားနဲသမီးကလည်း စတွေ့တဲ့အချိန်ထဲက သူ့ကိုတော်တော်ကိုချစ်ပြီးသဘောကျတယ်လို့ဆိုပါတယ် ။

အသက်အရွယ်နဲ့ပါတ်သတ်ပြီး ၁ဝနှစ်လောက်ပဲငယ်ပါစေဦး တကယ်အားကိုးလို့ရတဲ့ယောကျာင်္းမို့စဉ်းစားတာပါ တဲ့ ။ သီတင်းကျွတ်ပြီးမှပဲလက်ထပ်ဖြစ်မယ်လို့ဆိုပါတယ် ။  

သတင်းအရင်းမြစ် Popular Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။