ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် ပရဟိတအလုပ်တွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာလည်း အင်တိုက်အားတိုက်တစိုက်မတ်မတ်လုပ်ဆောင်နေသူကတော့ သရုပ်ဆောင်ထွန်းကိုကိုပဲ ဖြစ်ပါတယ်နော်..။
ထွန်းကိုကိုဟာ ပြည်သူ့အကျိုးပြုပရဟိတအလုပ်တွေကို လုပိဆောင်နေသလို လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေတာလည်း တွေ့ရပါတယ်..။


အခုတစ်ခါမှာလည်း ထွန်းကိုကိုတစ်ယောက် ဒီကနေ့မှာ ပြုလုပ်ကြတဲ့ သနပ်ခါးကမ်ပိန်းလူထုလှုပ်ရှားမှုတွေမှာလည်း အင်တိုက်အားတိုက်လုပ်ဆောင်ကာ ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်းပါဝင်ခဲ့တာ တွေ့ရပါတယ်နော်..။
သနပ်ခါးကိုကိုယ်တိုင်လိမ်းပြီး နာရေးကူညီမှု(ရန်ကုန်) အသင်းသား အသင်းသူတွေနဲ့အတူ လမ်းသွားလမ်းလာပြည်သူတွေကိုလည်း သနပ်ခါးလိမ်းပေးကာ လူလူထုလှုပ်ရှားမှုတွေ အားကြိုးမာန်တက် တက်အားသရွေ့ပါဝင်ခဲ့တာ ဖြစ်ပါတယ်..။


ဒီကနေ့ဖေဖော်ဝါရီလ(၂၅)နေ့ ပြည်သူတွေအားလုံးတက်တက်ကြွကြွနဲ့ စည်းလုံးစွာ သနပ်ခါးကမ်ပိန်းပြုလုပ်ခဲ့ကြဖြစ်ပြီး ထွန်းကိုကိုနဲ့အတူ အခြားသောအနုပညာရှင်တွေတော်တော်များများကလည်း ပါဝင်ခဲ့ကြတာ တွေ့ရပါတယ်နော်..။
သနပ်ခါးကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ သရုပ်ဆောင်ထွန်းကိုကိုရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက အားပေးစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်နော်..။



သတင်းအရင်းမြစ်: နာရေးကူညီမှုအသင်း(ရန်ကုန်) Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။