ပြည်သူတွေလမ်းပေါ်ထွက်နေချိန်မှာ စားစရာမပူရအောင်လို့ Sandwich အခု(၅၀၀)ကို မနေ့ညကတည်းကပြင်ဆင်နေကြတဲ့ လင်းဇာနည်ဇော်တို့မိသားစု

//s9.kh1.co/30/30b565611139a71809bfe1bcf5f8d435c0ccf20b.jpeg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေလမ်းပေါ်ထွက်နေချိန်မှာ စားစရာမပူရအောင်လို့ Sandwich အခု(၅၀၀)ကို မနေ့ညကတည်းကပြင်ဆင်နေကြတဲ့ လင်းဇာနည်ဇော်တို့မိသားစု

ရုပ်ရှင်သရုပ်ဆောင်လင်းဇာနည်ဇော်တို့မိသားစုကတော့ အချင်းချင်းစည်းလုံးကြပြီး သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်နဲ့ချစ်ချစ်ဇော်တို့ညီအစ်မနှစ်ယောက်ကတော့ ကိုယ်ပိုင်လုပ်ငန်းလေးဖြစ်တဲ့ “ရွှေခေါက်ဆွဲ”စီးပွါးရေးလေးကို ပိုပြီးတွင်ကျယ်လာအောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့ညီအစ်မကလည်း မိန်းမသားတွေဖြစ်ပေမယ့် စိတ်ဓာတ်ခွန်အားကြံ့ခိုင်ကြပြီး မိသားစုကိုလိုလေသေးမရှိအောင်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw’s Facebook Acc

လတ်တလောမှာဆိုရင်တော့ လင်းဇာနည်ဇော်တို့မိသားစုလည်း သူမတို့ရဲ့ “ရွှေခေါက်ဆွဲ”ကို အော်ဒါရပ်နားထားပြီးနေ့တိုင်းလမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့သားအမိနဲ့ချစ်ချစ်ဇော်တို့ကတော့ လက်ရှိအခြေအနေမှာဆိုရင် လူထုလှုပ်ရှားမှုတွေမှာ ပြည်သူလူထုနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားနေကြတာပါနော်။လင်းဇာနည်ဇော်တို့ကတော့ လမ်းမပေါ်မှာ မပင်မပန်းဘဲ နေ့စဉ်ဆက်တိုက်ကြိုးစားနေကြတဲ့လူအုပ်ကြီးကိုစားစရာ၊သောက်စရာတွေ အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc

လင်းဇာနည်ဇော်တို့မိသားစုကတော့ ဒီနေ့မှာလှူဒါန်းဖို့အတွက် Sandwich အခုရေ(၅၀၀)ကို မနေ့ညကတည်းကကြိုတင်ပြင်ဆင်ထားကြတာဖြစ်ပါတယ်။လင်းဇာနည်ဇော်တို့နဲ့အလှူရှင်မမီးက ပြည်သူတွေ လမ်းပေါ်ထွက်နေချိန်မှာ စားရေး၊သောက်ရေးမပူရအောင်လို့ တတ်နိုင်တဲ့ဘက်ကနေ ကူညီနေကြတာဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်တို့သားအမိနဲ့ ချစ်ချစ်ဇော်တို့ကတော့ Sandwich တွေကို အရသာရှိအောင်လို့ စေတနာ၊မေတ္တာအပြည့်နဲ့ လုပ်အားဒါနပေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူလူထုအချင်းချင်းက အပြန်အလှန်ရိုင်းပင်းကူညီနေကြလို့ အရမ်းပီတိဖြစ်စရာကောင်းတဲ့အခြေအနေလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc
Photo Credit:Lin Zarni Zaw’s Facebook Acc

Source&Photo Credit:Lin Zarni Zaw’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T