နေကောင်းကာစအမေနဲ့ ထိန်းဖို့လူမရှိတဲ့ သမီးလေးအားကားပေါ်တင်ကာလူထုလှုပ်ရှားမှုတွေမှာအင်အားဖြည့်ပါဝင်ခဲ့တဲ့ အေးသီတာ

//s9.kh1.co/3b/3b738cc8c1b3d8684d58866fc97dda9caa367fd2.jpeg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ဇာတ်ပို့သရုပ်ဆောင်အဖြစ်  ပရိသတ်တွေရဲ့ရင်ထဲမှာရင်းနှီးကျွမ်းဝင်နေသူကတော့  သရုပ်ဆောင်  အေးသီတာပဲ  ဖြစ်ပါတယ်။  သူမဟာ  ဆယ်စုနှစ်တွေများစွာတိုင်အောင်  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်  ပါဝင်ရိုက်ကူးခဲ့သူတစ်ဦးလည်း  ဖြစ်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  အမှန်တရားကို  ချစ်မြတ်နိုးသူ  ဖြစ်တာကြောင့်  ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်နေတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 

ဒီလိုအခြေအနေမျိုးတွေဟာ  ပထမနှစ်ကျောင်းသူဘဝကတည်းက  ကြုံတွေ့ခဲ့ရကြောင်းကိုလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  မကြာသေးခင် ရက်ပိုင်းက  ရေးသားဝေမျှပေးခဲ့သေးတာပဲ  ဖြစ်ပါတယ်။  သမီးလေးရှိနေတာကြောင့်  လူထုလှုပ်ရှားမှုတွေဆီသို့  နေ့တိုင်းမရောက်ရှိနိုင်သော်လည်း  ပရိသတ်တွေအတွက် သတင်းအချက်အလက်တွေကိုလည်း  သူမရဲ့ Facebook အကောင့်ကနေပြီး  အချိန်နဲ့တစ်ပြေးညီ  တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  မနေ့ကတော့  နေကောင်းကာစအမေနဲ့  ထိန်းပေးမယ့်သူမရှိတဲ့   သမီးလေးအားကားပေါ်တင်ကာလူထုလှုပ်ရှားမှုတွေမှာအားဖြည့်ပါဝင်ဆောင်ရွက်ခဲ့တဲ့ပုံလေးတွေ  တင်ထားတာလည်း  ဖြစ်ပါတယ်။

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 

သူမကလည်း " ဒီနေ့နေကောင်းကာစအမေ

ထိန်းဖို့လူမရှိတဲ့သမီး

အကုန်ကားပေါ်ခေါ်တင်

မြေနီကုန်းလှည်းတန်းတစ်လျှောက်

အင်အားဖြည့်အားပေး

အဓမ္မဝါဒီကျရှုံးပါစေ " ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပါတယ်။  လူငယ်တွေသာမကဘဲ  အသက်ရွယ်ကြီးသော  သူများပါ ဒီလူထုလှုပ်ရှားမှုတွေမှာ  တစ်တပ်တစ်အား  ပါဝင်နေကြတာကို မြင်တွေ့ရသည်မှာ  အလွန်အားတက်စရာကောင်းလွန်းလှပါတယ်နော်။  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပြီး  မြန်မာနိုင်ငံကြီး  အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။

Source and Photo Crd-Aye Thida’s Facebook Account 

Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Photo Crd-Aye Thida’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T