နံနက်စောစောမှာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကိုသွားပြီး ပရိတ်ရွတ်၊မေတ္တာပို့နေတဲ့ သင်ဇာဝင့်ကျော်

//s9.kh1.co/b3/b3872adf1a8085746e4848e08da1000de0c47847.jpeg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

နံနက်စောစောမှာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကိုသွားပြီး ပရိတ်ရွတ်၊မေတ္တာပို့နေတဲ့ သင်ဇာဝင့်ကျော်

ပြည်သူချစ်မင်းသမီးချောလေးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေအားပေးရကျိုးနပ်လောက်အောင်ယခုလိုအချိန်မျိုးမှာ ပြည်သူနဲ့အတူ တစ်ဘက်တည်းရပ်တည်နေတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်က အခုလိုအခြေအနေမှာတော့ နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်နေတာဖြစ်ပါတယ်။ဒါ့အပြင် သူမကိုချစ်တဲ့ပရိသတ်တွေနဲ့ လမ်းပေါ်တွေတဲ့အခါမှာလည်း ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဖော်ရွေစွာပြုံးပြတာဖြစ်ပါတယ်နော်။သင်ဇာကတော့ ပြည်သူတွေနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး တတ်နိုင်တဲ့ဘက်ကနေပါဝင်နေတာဖြစ်ပါတယ်။

Photo Credit:Thinzar Wintkyaw’s Facebook Acc
Photo Credit:Thinzar Wintkyaw’s Facebook Acc
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV

သင်ဇာဝင့်ကျော်တို့အုပ်စုကလည်း ပြည်သူလူထုအတွက် စားစရာတွေနဲ့ရေသန့်ဘူးတွေကို တစ်နိုင်တစ်ပိုင် လှူဒါန်းလိုက်သေးတာဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကတော့ ဆိုင်းဘုတ်ကြီးကိုင်ပြီး လူအုပ်ကြားထဲမှာ ရဲရင့်ပြတ်သားစွာနဲ့သူမခံယူချက်ကို နေ့စဉ်ရက်ဆက်ထုတ်ဖော်နေတာဖြစ်ပါတယ်နော်။ပြည်သူလူထုကလည်း အနုပညာရှင်တွေကအခုလိုမျိုးတက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေဦးဆောင်နေကြလို့ ပိုပြီးအားတက်နေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေကတော့ ပြည်သူလူထုနဲ့အတူ မမောမပန်းနိုင်ဘဲ နေ့တိုင်းလမ်းပေါ်ထွက်ပြီးလှုပ်ရှားနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV

ဒီနေ့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့ မနက်ပိုင်းမှာတော့ သင်ဇာဝင့်ကျော်က မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့သို့ သွားရောက်ပြီး ပရိတ်ရွတ်၊မေတ္တာပို့နေကြတာဖြစ်ပါတယ်။သင်ဇာတို့ကတော့ မိမိတတ်နိုင်တဲ့ဘက်ကနေ အကူအညီလေးတစ်ခုခု ရလိုရငြားနဲ့ကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်။မနက်စောစောမှာ တည်ငြိမ်အေးချမ်းစွာနဲ့ ကုသိုလ်၊ကောင်းမှူတွေပြုလုပ်နေတဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV
Photo Credit:Myanmarload TV

Source&Photo Credit:Myanmarload TV

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T