ပြည်သူလူထုလှုပ်ရှားမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်အားဖြည့်ကာ စည်ပင်ဝန်ထမ်းတွေ အတွက် နေ့လည်စာ လှူဒါန်းခဲ့တဲ့ နေဆန်းတို့ ဇနီးမောင်နှံ

//s9.kh1.co/ea/eaadeb4ebdee3b8d24f4ad93d7be9002c86b9deb.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ရုပ်ရှင်သရုပ်ဆောင် နေဆန်းကတော့ ဗီဒီယိုဇာတ်ကားတွေခေတ်တည်းက အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်း ပဲဖြစ်ပါတယ်။သူဟာ အနုပညာနယ်ပယ်တွင် အချိန်အတော်ကြာ ရပ်တည်နေခဲ့တာ ဖြစ်ပြီး အခုချိန်မှာတော့ ချစ်ဇနီးနဲ့ အတူ "နယူးချစ်တီး"ဆိုတဲ့ မြန်မာထမင်းဆိုင်လေးကို အောင်မြင်စွာ ဖွင့်လှစ်ထားနိုင်ထား ဖြစ်ပါတယ်။သူတို့နှစ်ဦးတွင် သားတစ်ယောက်၊သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေထိုင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

နေဆန်းတို့ ဇနီးမောင်နှံဟာ စီးပွားရေး အလုပ်တွေကို အတူအောင်မြင်စွာ လုပ်ကိုင်နေသလို အလှူအတန်းတွေကိုလည်း စိတ်တူကိုယ်တူနဲ့ ရက်ရက်ရောရော လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်နော်.....။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်တွင်လည်း ပြည်သူလူထုနဲ့ အတူ လမ်းမပေါ်ထွက်ကာ ပူပေါင်းပါဝင်သလို အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် အားရပါးရ လှူဒါန်းနေတာ ဖြစ်ပြီး မနေ့ကဆိုရင်လည်း စည်ပင်ဝန်ထမ်းတွေ အတွက် နေ့လည်စာကို သွားရောက် လှူဒါန်းနေတာ ပဲဖြစ်ပါတယ်။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

နေဆန်းတို့ဇနီးမောင်နှံရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင် "ဒီနေ.?☺ CDM လုပ်နေတဲ့စည်ပင်ဝန်ထမ်းများအတွက် နေ့လည်စာအလှူပါ။ Sky May Day Singapore ကညီမလေးတယောက်က (25.2.2021)အတွက် လှူဒါန်းတာပါ။ ကြက်ဥကြော် +ချဥ်ပေါင်ကြော်+မြေပဲဆံနဲ့ ထမင်းဆီဆမ်း ပွဲ (125)ဘူးပါ။#ပြည်သူနဲ့တသားတည်း #ကုသိုလ်?????အမျှ အမျှ အမျှ"ဆိုပြီး ရေးသားကာ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်......။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

သတင်း အရင်းအမြစ်Chaw Su FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T