ကျစ်ဆံမြီးလေးကျစ်ကာ သနပ်ခါးတွေဖွေးနေအောင် လိမ်းခြယ်ထားတဲ့ သမီးလေးကိုကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ ဖေဖေ အာဘွိုင်း

//s9.kh1.co/49/49a6732b962cf0287233553bd2080030c1766c17.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Rapအဆိုတော် အာဘွိုင်းကတော့ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားသူပဲ ဖြစ်ပါတယ်။ ချစ်ဇနီးလေးရဲ့ အိမ်မှူကိစ္စနိုင်နင်းမှုနဲ့ ပြုစုယုယမှုတွေကြောင့် အမြဲ စိတ်ချမ်းသာနေရတဲ့ အာဘွိုင်းကို ယောကျာ်းလေးပရိသတ်တွေကပါ အားကျရတာလည်း ဖြစ်ပါတယ်။ အာဘွိုင်းကလည်း ချစ်ဇနီးချောလေးအတွက် ခင်ပွန်းကောင်းအဖြစ် ဘေးမှာ မားမားမတ်မတ်ရပ်တည်ပေးပြီး လက်တွဲခိုင်မြဲကြတာကိုလည်း တွေ့ရပါတယ်။

Photo credit - Kyaw Phyo Tun's Facebook Account

ဒါ့အပြင် သူတို့နှစ်​ယောက်ရဲ့ သမီးလေး Scarlett Phyo Tunကလည်း ဖေဖေ မေမေတို့ရဲ့ အလှအပတွေကို အကုန်စုစည်းပြီး ရရှိထားပါသေးတယ်နော်။ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ Scarlett လေးက ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ဖေဖေ အာဘွိုင်းကလည်း သမီးလေးရဲ့ အသည်းယားစရာပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာကတဆင့် ပရိသတ်တွေထံ ဝေမျှလေ့ရှိတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account

ဒါကတော့ ပါးမို့မို့လေးထက်မှာ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းခြယ်ထားပြီး အသည်းယားစရာ သမီးလေးရဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " သနပ်ခါး ပါးကွက်ကြားနဲ့ သမီးငယ်လေး ? " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့အချစ်ပိုစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။ အဆိုပါ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော် ။

Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account
Photo credit - Kyaw Phyo Tun's Facebook Account

သတင်း အရင်းအမြစ်Source - Kyaw Phyo Tun's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T