အနားမှာအတူမရှိနိုင်ပေမယ့်လည်း အချစ်ရဆုံးဖေဖေ့ရဲ့မွေးနေ့အား ဗီဒီယိုဖိုင်လေးပို့ပေးကာ ဆုတောင်းပေးခဲ့တဲ့ မင်းမော်ကွန်းရဲ့သားလေး

//s9.kh1.co/b6/b628b529d8e77f61646a9302445772046a720002.jpeg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသားချောလေး  မင်းမော်ကွန်းကတော့  ဆယ်စုနှစ်ကျော်တိုင်အောင်  ပရိသတ်တွေရဲ့  ချစ်ခင်အားပေးမှုတွေကို  တစ်ခဲနက် ရရှိထားသူလည်း  ဖြစ်ပါတယ်။  မင်းမော်ကွန်းဟာ  လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာ  ပြည်သူတွေနဲ့အတူ  တစ်သားတည်းရပ်တည်ကာ လုပ်ဆောင်နေတာလည်း  ဖြစ်ပါတယ်။  သူ့ရဲ့ လှုပ်ရှားမှုတွေကိုကြည့်ပြီး  ပရိသတ်များနဲ့ အနုပညာရှင်အချင်းချင်းကပါ  ချီးကျူးနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

​မင်းမော်ကွန်းဟာ  တစ်ရက်လေးမှ မနားဘဲ  လမ်းပေါ်ထွက်ကာ  ရင်ထဲက  ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသနေတာလည်း  ဖြစ်ပါတယ်။  ဒီနေ့လေးကတော့  သရုပ်ဆောင်  မင်းမော်ကွန်းရဲ့  မွေးနေ့ရက်မြတ်လေးပဲ  ဖြစ်ပါတယ်။  သူ့ရဲ့မွေးနေ့ကိုတော့  ချစ်ခင်ရတဲ့  အနုပညာရှင်များနဲ့  မိတ်ဆွေသူငယ်ချင်းများကလည်း  ဆုတောင်းစာလေးတွေ  ရေးသားပေးထားကြတာပဲ  ဖြစ်ပါတယ်။  ဒါ့အပြင်  သားအငယ်ဆုံးလေးကလည်း  ဖေဖေ့ရဲ့ မွေးနေ့အား ဗီဒီယိုဖိုင်လေး ပို့ပေးကာ  ဆုတောင်းပေးထားတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 
Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

မင်းမော်ကွန်းကလည်း " မွေးနေ့ဆုတောင်းပေးကြသူများအားလုံး

ကျေးဇူးတင်ပါတယ်ခင်ဗျာ

တစ်ယောက်ချင်းစီreply မလုပ်နိုင်တာလည်းခွင့်လွှတ်ပါ

မနက်ဖြန်အရေးကြီးတဲ့နေ့ မှာ

သမ္မာဒေဝနတ်ကောင်းနတ်မြတ်များရဲ့

မွေးနေ့လက်ဆောင်အဖြစ်

သတင်းကောင်းလေးကြားချင်ပါတယ်

မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ" ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ပရိသတ်တွေအတွက်  ဒီဗီဒီယိုဖိုင်လေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s Facebook Account 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T