မင်းသမီးချောလေးရွှေကစ်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေကာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ် ။ အေးအေးဆေးဆေးနဲ့ နေထိုင်ပြောဆိုတတ်တဲ့ ရွှေကစ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေရှေ့ ချပြလေ့ရှိတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ရွှေကစ်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရွှေကစ်ကတော့ ယခုမှာလူထုလှုပ်ရှားမှုပြုလုပ်နေသူတွေကို စားသောက်ဖွယ်ရာတွေပေးလှူပြီး ပြည်သူတွေလိုလားတောင်းတနေတဲ့အရာတွေအမြန်ဆုံးရရှိစေဖို့ဆုတောင်းပေးနေခဲ့ပါတယ်။
ရွှေကစ်ကတော့ " ပြည်သူတွေနဲ့ အတူ ဒီနေ့ အတူတကွ ရှိခဲ့ပါတယ် ပြည်သူတွေ လိုလားတောင်းတသော၊ မြန်မာနိုင်ငံအတွက်မှန်ကန်သော ဒီမိုကရေစီအမြန်ဆုံးရရှိပါစေ အဖမ်းဆီးခံခေါင်းဆောင်များလည်း အမြန်ဆုံးလွတ်မြောက်ပါစေ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေကို စားစရာတွေပေးလှူနေတဲ့ ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source: wutt hmone shwe yi ' s facebook page