သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ပြည်သူတွေအတွက် ရက်ရက်ရောရောလှူဒါန်းခဲ့သလို သနပ်ခါး Campaign မှာလည်းပါဝင်ခဲ့တဲ့ သက်မွန်မြင့်တို့အဖွဲ့

//s9.kh1.co/6c/6cff2d9cf96eab53293ab164902dbc733f8dd561.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

သူငယ်ချင်းတွေနဲ့စုပေါင်းပြီး ပြည်သူတွေအတွက် ရက်ရက်ရောရောလှူဒါန်းခဲ့သလို သနပ်ခါး Campaign မှာလည်းပါဝင်ခဲ့တဲ့ သက်မွန်မြင့်တို့အဖွဲ့

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ လက်ရှိအချိန်မှာ ပြည်သူတွေဘက်ကနေ အခိုင်အမာရပ်တည်ပေးနေတဲ့ အနုပညာရှင်တစ်ဦးလို့ ဆိုနိုင်ပါတယ်နော်။ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်က အားလုံးနဲ့အတူ ဆန္ဒထပ်တူကျပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ် ။ မနေ့ကလည်း သက်မွန်မြင့်က သူမချစ်ရတဲ့သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ် ။

Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 

သက်မွန်မြင့်ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ ခင်လေးနွယ်၊ သီရိရှင်းသန့်၊ အိန်ဂျယ်လမုန်၊ ဒီဇိုင်နာမပုံ့တို့ကလည်း အားလုံးစုပေါင်းပြီး အလှူလေးတစ်ခု ပြုလုပ်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။ သက်မွန်မြင့်တို့အဖွဲ့လေးက ပြည်သူတွေအတွက် အမောပြေအချိုရည်တွေနဲ့ စားစရာတွေကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဆင်တူတီရှပ်လေးတွေ ဝတ်ဆင်ပြီး လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ သက်မွန်မြင့်တို့သူငယ်ချင်းတစ်စုက သနပ်ခါးတွေလိမ်းခြယ်ရင်း Campaign မှာပါဝင်ခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 

ဒီဇိုင်နာမပုံ့ကတော့ သူမတို့အဖွဲ့ရဲ့အမှတ်တရလေးတွေကို မျှဝေရင်း "မနေ့က အားလုံးရဲ့စုပေါင်းအလှူလေးနေပူထဲမှာ အားလုံးအမောပြေဘို့ Delta Queen ဒိန်ချဉ် Royal D နဲ့ မုန့်တွေ ဝေခဲ့ကြတယ် လမ်းမှာ သူများအဖွဲ့ဝေတာတွေလည်းစားခဲ့တယ် နေပူထဲအတူဝိုင်းလှူကြသော သမီးတော်အားလုံးကျေးဇူးပါ ကူလှူရင်းပုံပါရိုက်ပေးကြသော ဓါတ်ဆရာများလည်းကျေးဇူးပါ နောက်တခေါက်ကျရင် တီရှပ်ရောင်းရငွေတွေနဲ့ပြန်လှူဦးမယ်နော် နွေဦးတော်လှန်ရေး" ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူရပ်တည်ရင်း အလှူပြုခဲ့တဲ့ သက်မွန်မြင့်တို့အဖွဲ့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit -Ma Pont's FB Acc & Kyaw Shwe Win's FB Acc

Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Ma Pont's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Photo Credit -Kyaw Shwe Min's FB Acc 
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T