ဂီတအနုပညာရှင်များနဲ့အတူ နေပူထဲ မမောမပန်းနိုင်အောင် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့တဲ့ စိုင်းစိုင်း

//s9.kh1.co/50/5011cf49ddcaf5dfa2eff3d488a29e139c3f0a8a.jpeg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

အမိုက်စားတေးသီချင်းကောင်းတွေနဲ့ သီ‌ဆိုဖျော်ဖြေတတ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် နာမည်ကျော်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုသိကြမယ်ထင်ပါတယ်နော်။အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အများစုရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ။

Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 

လက်ရှိမှာတော့ စိုင်းစိုင်းက ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်ကာ နိုင်ငံအတွက် တတ်နိုင်တဲ့ဘက်ကနေ ခွန်အားရှိသလောက် နေ့စဉ်တိုင်းလိုလိုပါဝင်ကြိုးစားပေးနေတာ တွေ့ရပါတယ် ။ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် လူထုနဲ့အတူ တစ်သားတည်းရပ်တည်ပေးကာ နေ့တိုင်းလိုလို လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့သလို အစားအသောက်တွေလည်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 

အခုလည်း ဂီတမောင်နှမတွေနဲ့အတူ နေပူထဲဆိုင်းဘုတ်ကိုင်ဆောင်ကာ အားကြိုးမာန်တက် ပါဝင်ရင်း လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်းသူရဲ့အကောင့်လေးမှာဖော်ပြခဲ့တာဖြစ်ပါတယ်။ လူငယ်တွေ အနာဂတ်အတွက် ရဲရဲဝင့်ဝင့်ရပ်တည်ပေးနေတဲ့ စိုင်းစိုင်းကို တကယ်လေးစားမိတာအမှန်ပါပဲနော်။ ပရိသတ်ကြီးအတွက် စိုင်းစိုင်းရဲ့ ပုံလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 
Photo Credit : Sai Sai Kham Leng Facebook Page 

Source & Photo Credit : Sai Sai Kham Leng Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T