အနုပညာရှင်မောင်နှမတွေနဲ့ အတူ ဇွဲမလျော့ပဲ လူထုလှုပ်ရှားမှုမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေတဲ့ စည်သူဝင်း

//s9.kh1.co/6e/6e4237ccf9c2fbc8fc4f176ff99ee6d72569c3c6.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.......သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းကတော့ MRTV -4 ဇာတ်လမ်းတွဲတွေ ရိုက်ကူးရာကနေ အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပြီး လက်ရှိတွင်လည်း "မိုးကောင်းကင်အိမ်မက်" ဇာတ်လမ်းတွဲတွင် အဓိက သရုပ်ဆောင် နေရာကနေ ပါဝင်ထားကာ ဇာတ်ကောင်ကို ပီပြင်အောင် အကောင်းဆုံး လုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း လေးစားတန်ဖိုးထားသူလေး ဖြစ်ပါတယ်နော်.....။

Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account

လတ်တလော ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွင်လည်း ပြည်သူလူထုနဲ့ အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ကာ အားကြိုးမာန်တတ် ပါဝင်လှုပ်ရှားနေတာကိုလည်း တွေ့ရပါတယ်နော်.....။စည်သူဝင်းဟာ မနက်တွင်လူထုလှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်သလို ညဘက်တွင်လည်း သံပုံးတီးတဲ့ အပြင် မြန်မာပြည်ကြီး အေးချမ်းစေဖို့အတွက် နေ့တိုင်း မဟာပဌာန်းကို ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့ဆုတောင်းနေတာ ပဲဖြစ်ပါတယ်။

Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account

ဒီနေ့မှာဆိုရင်လည်း စည်သူဝင်းက အနုပညာရှင်မောင်နှမတွေနဲ့ အတူ မြေနီကုန်းမှာ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေတာ ဖြစ်ပါတယ်နော်.....။"ကျွန်တော်တို့က ဦးနှောက်အားကိုးနဲ့တော်လှန်မယ်....ဒီနေ့မြေနီကုန်းမှာ ထိပ်တိုက်မတွေ့ခင်လေး......"ဆိုပြီး Social Network တွင် ရေးသားထားကာ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။စည်သူဝင်းရဲ့ ပရိသတ်တွေကလည်း ကျေနပ်သဘောကျလိမ့်မယ်လို့ မျှော်လင့်တာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account
Photo Credit -Si Thu Win FB Account

သတင်း အရင်းအမြစ်Si Thu Win FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T