ကမ္ဘာကြီးကို မွှေနှောက်ပစ်ခဲ့ဖူးကြတဲ့ Hacker များ

//s9.kh1.co/28/280068765ea3fc94910181c436b113c3a8e6fc3b.jpg
ဗဟုသုတအဖြာဖြာ

 ၂၆-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Kevin Mitnick

သူကတော့ကမ္ဘာ့အလိုအရှိဆုံးစာရင်းဝင်ဆိုက်ဘာလူဆိုးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ကွန်ပျူတာအပေါ်အလွန်အမင်းစွဲလမ်းနှစ်ခြိုက်သူတစ်ဦး ဖြစ်ပြီး တော့ Hacker လောကမှာ၂နှစ်ခွဲလောက်ထင်တိုင်းကြဲခဲ့သူပါ။IBM, Motorola တို့လိုကုမ္ပဏီကြီးတွေရဲ့ထိပ်တန်းလျှို့ဝှက်ချက်တွေကိုခိုးယူခဲ့တဲ့ အပြင်နိုင်ငံတွေရဲ့ကာကွယ်ရေးအချက်ပေးစနစ်ကိုပါတိုက်ခိုက်ခဲ့တဲ့သူပါ။သူ့ကြောင့်ဒေါ်လာမီလီယံနဲ့ချီတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။သူကျူးလွန်ခဲ့ တဲ့ပြစ်မှုတွေကြောင့်အကျဉ်းကျခံခဲ့ရပေမယ့်အခုတော့White Hacker တစ်ယောက်ဖြစ်နေပါပြီ။

Photo Credit:Google
Photo Credit:Google

Mathew Bevan and Richard Pryce

သူတို့နှစ်ယောက်ကတော့အသက်၂၁နှစ်နဲ့၁၇နှစ်သာရှိသေးတဲ့လူငယ်တွေပါ။သူတို့နှစ်ယောက်ဟာအမေရိကန်စစ်တပ်ရဲ့ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ဒါပေမယ့်ဒီလုပ်ရပ်ကြောင့်သူတို့ နာမည်ကြီးလာတာတော့မဟုတ်ပါဘူး။အမေရိကန်စစ်ဖက်ဆိုင်ရာ ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အပြင်မြောက်ကိုရီးယား ရဲ့စစ်ဖက်ဆိုင်ရာကွန်ပျူတာတွေကိုပါ ဖောက်ထွင်းဝင်ရောက်ခဲ့ပါသေးတယ်။ တကယ်လို့သူတို့သာလက်ဆော့ခဲ့မယ်ဆိုရင်ကမ္ဘာစစ်ကြီးကို စတင်စေခဲ့တဲ့Hacker နှစ်ယောက်အဖြစ်မှတ်တမ်းဝင်သွားမှာပါ။

Photo Credit:Google
Photo Credit:Google

Michael Calce (Or) MafiaBoy

သူကတော့၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာဆိုက်ဘာတိုက်ခိုက်မှုတွေကို အတွဲလိုက် လုပ်ဆောင်ခဲ့တဲ့ကနေဒါHacker တစ်ယောက်ပါ။အဲဒီ အချိန်တုန်းကနာမည်ကြီးWebsite တွေဖြစ်ကြတဲ့Yahoo, FIFA, Amazon, eBay နဲ့CNN တို့လိုWebsite ကြီးတွေကိုDDosလိုတိုက်ခိုက် မှုတွေနဲ့တိုက်ခိုက်ခဲ့ကြပါတယ်။သူ့ရဲ့တိုက်ခိုက်မှုကိုProject Rivoltaလို့ အမည်ပေးခဲ့ပြီးဒါကအီတာလျံဘာသာစကားမှာရုန်းရင်းဆန်ခတ်မှု အဓိကရုဏ်းလို့အဓိပ္ပာယ်ရပါတယ်။တိုက်ခိုက်မှုအကြောင်းကိုChat Room တစ်ခုမှာပြောမိတာကနေခြေရာခံမိသွားပြီးအဖမ်းခံခဲ့ရပါတယ်။အဲဒီအချိန်တုန်းကသူကကျောင်းသားအရွယ်သာရှိသေးတာမို့ထောင်ဒဏ်၈လပဲကျခံခဲ့ရပါတယ်။

Photo Credit:Google
Photo Credit:Google

Jeanson James Ancheta

Botnet တွေနဲ့လက်စွမ်းပြခဲ့တဲ့Hacker တစ်ယောက်ဖြစ်ပါတယ်။Botnet တွေသုံးပြီး ပြစ်မှုကျူးလွန်တဲ့ပထမဆုံးသူတွေထဲတစ်ယောက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။၂၀၀၄ခုနှစ်တုန်းကWorn ကိုသုံးပြီးBotnet တွေနဲ့ တိုက်ခိုက်မှုဟာကွန်ရက်တော်တော်များများကိုပျံ့နှံ့သွားခဲ့တဲ့အပြင် အမေရိကန်စစ်သုံးကွန်ပျူတာတွေပါတိုက်ခိုက်ခံခဲ့ရပါတယ်။သူ့ရဲ့ပြစ်မှု အတွက်ထောင်ဒဏ် လ၆၀ ကျခံခဲ့ရတဲ့အပြင်ဒဏ်ကြေးဒေါ်လာ၅၈,၀၀၀ပါ ပေးဆောင်ခဲ့ရသူတစ်ယောက်ပါ။

Photo Credit:Google
Photo Credit:Google

Gary Mckinnon

သူ့ရဲ့နာမည်ပြောင်ကတော့Solo လို့ခေါ်ပါတယ်။စကော့တလန်ကHacker တစ်ယောက်ဖြစ်ပြီးစစ်ဖက်ဆိုင်ရာကွန်ပျူတာတွေကိုတိုက်ခိုက်သူတွေထဲမှာတော့ထိပ်တန်းအဆင့်ရှိသူပါ။သူဟာအမေရိကန်စစ်ဖက်ဆိုင်ရာ ကွန်ပျူတာတွေ၊နာဆာကကွန်ပျူတာတွေကို၂၀၀၁ခုနှစ် ဖေဖော်ဝါရီနဲ့ ၂၀၀၂ခုနှစ်မတ်လအတွင်းမှာတိုက်ခိုက်ခဲ့တဲ့အပြင်Weapon Logs တွေလိုမျိုးအရေးကြီးတဲ့ဖိုင်တွေကိုဖျက်ပစ်ခဲ့သူတစ်ယောက်ပါ။

Photo Credit:Google
Photo Credit:Google

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T