ဒီတစ်ခေါက်မှာတော့ ပရိသတ် အချစ်တော် သရုပ်ဆောင် မင်းသားချောလေး အောင်လေးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ တက်နိုင်တဲ့ ဘက်ကနေ အာဟာရ ဒါန အလှူလေး လုပ်ခဲ့တာကို ဖော်ပြပေးလာတာပဲ ဖြစ်ပါတယ်။ မော်ဒယ်လ်လောက ကနေ သရုပ်ဆောင် လောကထဲ ခြေစုံပစ် ဝင်ရောက်လာတဲ့ အောင်လေးကတော့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးရာကနေ ယခု အချိန်မှာတော့ နေရာ တစ်ခုထိ ရောက်ရှိအောင်မြင်နေပြီပဲ ဖြစ်ပါတယ်။
စတိုင်စမက်ကျပြီး ကျစ်လစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အောင်လေးဟာ ယခုချိန်မှာဆိုရင်ဖြင့် ပရိသတ်တွေအားပေး ထောက်ခံမှုကို တခဲနပ်ရရှိထားပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံတာကို ခံနေရတာပဲ ဖြစ်ပါတယ်။ဇာတ်ရုပ်တိုင်းကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တဲ့ အောင်လေးဟာ လက်ရှိ အချိန်မှာတော့ အနုပညာ အလုပ်တွေ ကိုရပ်နားထားပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူ့ဘက်ကနေ ရပ်တည် ပါဝင်နေတာ ပဲ ဖြစ်ပါတယ်။
ယခုအခါမှာတော့အောင်လေးဟာ လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာနဲ့ ပတ်သတ်ပြီး ဖော်ပြလာတာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ လူတိုင်းကို တက်နိုင်တဲ့ ဘက်ကနေ အာဟာရ ဒါန လှူတမ်းခဲ့တာ ပဲ ဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အောင်လေးဟာ
"မပြေးခင် လေးရသလောက်လှူခဲ့စဉ်...
?အားလုံးပဲဘေးကင်းကြပါစေ?...." ဆိုပြီး လှုပ်ရှားမှုက သူ့ရဲ့ပုံ လေးတွေ နဲ့အတူပြည်သူတွေ အားလုံး ဘေးရန်ကင်းကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပေး လိုက်တာ ပဲ ဖြစ်ပါတယ်နော်.....။
သတင်း အရင်းအမြစ်៖ Aung Lay's FB account