မြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့အတွက် သိကျွမ်းတဲ့မိတ်ဆွေတွေနဲ့အတူ စုပေါင်းပြီး ပရိတ်ရွတ်ပွဲပြုလုပ်ခဲ့တဲ့ သင်ဇာဝင့်ကျော်

//s9.kh1.co/e3/e37aa159af9866fbbde8384de850e61c902101ca.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်လောက်အထိ ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပြီး နေရာတစ်ခုကိုလည်း အခိုင်အမာစိုက်ထူထားနိုင်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သင်ဇာက ဗီဒီယိုဇာတ်ကားတွေကတစ်ဆင့် အနုပညာလမ်းကြောင်းထက်ကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပြီး ယခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်လို့နေပါတယ်။

Photo credit - Thin Zar Wint Kyaw's Facebook Account

သင်ဇာက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ရိုက်ကူးနေရတဲ့အပြင် Photo shooting တွေကိုလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ သင်ဇာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်နေတာကို တွေ့ရပါတယ်။ သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ အကောင့်မှာလည်း လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှလေ့ရှိတာပါနော်။

Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account

ဒီကနေ့မှာလည်း သင်ဇာက သိကျွမ်းတဲ့ မိတ်ဆွေတွေနဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့အတွက် ပရိတ်ရွတ်ပွဲ ပြုလုပ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ပုံလေးတွေအပြင် " ယနေ့ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှူတို့ကြောင့် မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ သမ္မတကြီးနဲ့ အမေစုလဲ အမြန်ဆုံးပြန်လည် လွှတ်မြောက်ပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account
Photo credit - Thin Zar Wint Kyaw's Facebook Account

သတင်း အရင်းအမြစ်Source - Thin Zar Wint Kyaw's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T