ဒီဟိုင်းအီနာကောင်တွေဟာ ဝံပုလွေပုံစံနဲ့ နည်းနည်းဆင်ပီး သူတို့ပုံစံက ကြည့်တာနဲ့ကြောက်စရာကောင်းပါတယ်။
သူတို့ရဲ့ မျက်လုံးတွေက စူးရှသလို နားရွက်တွေကလည်း ရှည်ပြီး ထောင်နေတတ်ပါတယ်။
ဒါ့အပြင် ဒီဟိုင်းအီနာကောင်တွေဟာ စိတ်တက်ကြွသောအခါ များတွင် ရူးသွပ်နေသူ၏ ရယ်သံ ကဲ့သို့သော အသံကို ပြုလုပ် တတ်ပါတယ်လို့ သိရပါတယ်။
ဟိုင်းအီနာကောင်တွေဟာ ဟိုင်းအီနာအကျား၊ အညိုနှင့် အပြောက်ဆိုပြီး အမျိုးအစားသုံးမျိုးရှိကြပါတယ်။
ဟိုင်းအီနာအကျား၏ အရောင်မှာ အညိုရောင်ဖြစ်ပြီး သူ့ရဲ့ ဘေးဘက်များ၌ အထက်နှင့်အောက် အမည်ကျားများ ရှိပါတယ်။ ဟိုင်းအီနာအပြောက်နှင့် ဟိုင်းအီနာအညိုတို့သည် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တရ၏ တောင်ဘက်တွင် နေထိုင်ကြပြီး ဟိုင်းအီနာ အကျားသည် အာဖရိကတိုက် အရှေ့ပိုင်းနှင့် အာရှတိုက် တောင်ပိုင်း၊ အီသီယိုးပီးယားနိုင်ငံမှ အိန္ဒိယနိုင်ငံအထိ ပြန့်နှံနေထိုင်ကြတယ်လို့ သိရပါတယ်။
ဟိုင်းအီနာကောင်တွေဟာ အခြားတရိစ္ဆာန်တွေသာမက မျိုးတူအချင်းချင်းလည်း ပြန်စားတတ်ပြီး အုပ်စုဖွဲ့နေထိုင် အမဲလိုက်တတ်ကြပါတယ်။
အရွယ်အစားအနေနဲ့ သူတို့တွေဟာ အလျား ငါးပေးလောက်နဲ့ အမြင့် ၂ ပေခွဲကျော်လောက် ရှိကြပါတယ်။
အုပ်စုဖွဲ့နေထိုင်တတ်တာကြောင့် တခါတရံမှာ ဒီဟိုင်းအီနာကောင်တွေကို အကောင် ရှစ်ဆယ်လောက်ထိ ပူးတွဲတွေ့မြင်ရတတ်ပါတယ်။
သူတို့ရဲ့သက်တမ်းဟာ ပုံမှန်အားဖြင့် ၁၂ နှစ်လောက်သာရှိပေမယ့် အချို့သော အကောင်တွေကတော့ အသက် ၂၀ ဝန်းကျင်ထိ အသက်ရှင်နေထိုင်နိုင်ကြတယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia