တစ်ခေတ်တစ်ခါက လက်ဝှေ့သမိုင်းမှာ နာမည်ကြီးကျော်ကြားခဲ့တဲ့ မိုဟာမက်အလီ ကိုတော့ ပရိသတ်တွေကြားကောင်း ကြားဖူးကြမယ်လို့ထင်ပါတယ်။
မိုဟာမက်အလီဟာ ၁၉၄၅ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က လူးဝစ်ဗီလီ ဆိုတဲ့မြို့ကလေးမှာမွေးဖွားခဲ့ပြီး ငယ်နာမည်ကတော့ Cassius Clayလို့ခေါ်ပါတယ်။
မိုဟာမက်အလီဟာ ကျောင်းတက်နေဆဲအရွယ် အသက် ၁၂ နှစ်လောက်ထဲက ဘောက်ဆင်ကို စကစားခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ၁၉၆၀ ပြည့်နှစ်မှာကျင်းပခဲ့တဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲပြီးတဲ့နောက် အမေရိကန်နိုင်ငံကို ပြန်လာတဲ့အခါမှာ မိုဟာမက်အလီကို ဘယ် ဟော်တယ်မှလည်း နေခွင့်မပေးသလို စားသောက်ဆိုင်တွေမှာလည်း စားခွင့်မပေးထားပါဘူး။ အဲ့ဒီတုန်းက အမေရိကန်နိုင်ငံမှာ အသားအရောင်ခွဲခြားမှုများ ရှိနေပီး မိုဟာမက်အလီဟာ ခုလိုလူမျိုးရေး ခွဲခြားခံရတာကို အလွန်စက်ဆုပ်ရွံရှာခဲ့ကာ သူရရှိခဲ့တဲ့ ရွှေတံဆိပ်ကို မြစ်ထဲလွှတ်ပစ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ မိုဟာမက်အလီရဲ့ နာမည်ဟာတဖြေးဖြေးပျံ့လွင့်လာခဲ့ပြီး အသက် ၁၈ နှစ်အရွယ်လောက်မှာတင် ကြေးစားတစ်ယောက်ဖြစ်နေခဲ့ပြီပဲ ဖြစ်ပါတယ်။
မိုဟာမက်အလီဟာ စကားကိုပွင့်ပွင့်လင်းလင်း ပြောတတ်သူတစ်ယောက်ဖြစ်ပြီး စိတ်ဓာတ်လည်း တော်တော်လေးမာကျောသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ လက်ဝှေ့ကစားသမား ဘဝတစ်လျှောက်မှာလည်း စိန်ခေါ်မှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပေမယ့် မိုဟာမက်အလီဟာ လုံးဝလက်မလျော့ခဲ့ပါဘူး။
၁၉၆၄ခုနှစ်အရောက်မှာတော့ အသက်(၂၂)ရှိပြီဖြစ်တဲ့ မိုဟာမက်အလီ ဟာ ဆိုနီလစ်တန် ဆိုသူကို ကမ္ဘာ့ ဟဲဗီးဝိတ်ချန်ပီယံပြိုင်ပွဲမှာ အလဲထိုးပြီး အနိုင်ရခဲ့ပါတယ်။ ၄င်းပြိုင်ပွဲပြီးတဲ့နောက် မိုဟာမက်အလီ ဟာ ဆုပေါင်းများစွာကို သိမ်းပိုက်ခဲ့နိုင်ပြီး သူ့ခေတ်သူ့အခါက လက်ဝှေ့ဘုရင်လို့တောင် တင်စားခံခဲ့ရပါတယ်။ သူရဲ့ လက်ဝှေ့ပွဲပေါင်း (၆၁)ပွဲပီးသွားတဲ့အချိန်မှာ မိုဟာမက်အလီဟာလက်ဝှေ့လောက ကနေ အနားယူခဲ့ပြီး ထိုးသတ်ခဲ့တဲ့ပြိုင်ပွဲတစ်လျှောက် (၅၆)ပွဲအနိုင်ရခဲ့ပါတယ်။
စိတ်မကောင်းစရာကတော့ ၂၀၁၆ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ လက်ဝှေ့ဘုရင်ကြီး မိုဟာမက်အလီဟာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Wikipedia