အဆိုမလေး အိမ့်ချစ်ဟာ မကြာသေးခင်ကမှ သီလရှင်ဝတ် ကုသိုလ်ယူပြီး လူပြန်ထွက်လာတာပါ ။

ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေးတအားလုပ်တဲ့ အဆိုတော်မလေးက သီလရှင်ဝတ်ခဲ့လို့ ဖြစ်လာတဲ့ ကတုံးနဲ့ပါတ်သတ်ပြီးကြုံရတဲ့

အဖြစ်အပျက်တစ်ခုကို အောက်ပါအတိုင်းပြောပြထားပါတယ် ။  

" ကျောင်းတစ်ခုရဲ့ကျောင်းညစာစားပွဲအတွက်တဲ့

Agency တစ်ခုကလာငှားရင်း request လုပ်ချင်လို့ပါတဲ့

ပြောပါဆိုတော့..အဲ့ကျောင်း(college)ကပြောတယ်တဲ့..

ကတုံးနဲ့လာမဆိုပါနဲ့ ဆံပင်တပ်ခဲ့ပေးပါတဲ့...

အမလေးလေး.... စော်ကားတာများ...

ဒီကတုံးက ဆံပင်ရှိပြီးကိုယ်ကျင့်တရားမကောင်းတဲ့

ဟာတွေထက်ကျမကိုတန်ဖိုးရှိစေတဲ့ ကတုံးပါ

ဘုရားသမီးတော်အဖြစ်ခံယူလို့ဖြစ်တဲ့ကတုံးပါ

မြင့်မြတ်တဲ့ကတုံးပါလို့..!!!

အဲ့လိုပြောတဲ့သူတွေကို ဘယ်လောက်ပညာတတ်တတ်

အထင်မကြီးတော့ဘူး ဘာကြောင့်လဲဆိုတော့

သူတို့လောက်ပညာမပြည့်ဝတဲ့သူတွေကရော

ဗုဒ္ဓဘာသာမဟုတ်တဲ့ဘာသာခြားတွေကရောတောင်

သာဓုခေါ် ချီးကျူးနေကြတဲ့အချိန်မှာ ဆံပင်အစစ်နဲ့ပဲ

နေပါလို့ အားပေးနေကြတဲ့အချိန်မှာပညာတတ်ကြီးတွေတဲ့

အံ့သြပါရဲ့ ဆရာ ဆရာမတို့ရယ်...

ဘာသာတရားရဲ့ အနှစ်သာရကိုမသိတဲ့သူတွေလို့ပဲ

သတ်မှတ် အထင်သေးလိုက်တယ်..

ဘယ်လိုပုံလေးဝတ်ပေးပါနော်လို့တောင်းဆိုရင်တစ်မျိုးပေါ့

ခုဟာက ကတုံးနဲ့ မသင့်တော်ဘူးဆိုတော့

နေရာနဲ့ဝတ်တတ်စားတတ်ပြင်ဆင်တတ်ပါတယ်ရှင်လို့..

လူတွေ လူတွေ..... "

လို့ ကတုံးနဲ့ သီချင်းလာမဆိုဖို့ ဆံပင်တုတပ်လာဖို့ ပြောဆိုခဲ့တဲ့အပေါ် သူမရဲ့ ခံစားချက်ကိုပြောထားတာပဲဖြစ်ပါတယ် ။ 

သူမရဲ့ ပရိတ်သတ်တွေကတော့ ထိုဖြစ်ရပ်အပေါ်ဝို်င်းဝန်းထင်မြင်ချက်ပေးနေကြပြီး အိမ့်ချစ်ကို ဝိုင်းဝန်းအားပေးနေကြတာကိုလည်းတွေ့ရပါတယ် ။

ကတုံးဆံပင်ပေါက်နဲ့ သီချင်းနဲ့ ဘာများသက်ဆိုင်ပါသလဲ မပြောတတ်တော့ပါဘူး ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။