အမြဲပြောဆိုဆုံးမတတ်ပြီး သူငယ်ချင်းလိုရင်းနှီးခင်မင်ရတဲ့ မင်းမော်ကွန်းရဲ့ မွေးနေ့လေးမှာ အရင်ကပုံလေးတွေနဲ့အတူ ဆုတောင်းပေးလာတဲ့ ထွန်းထွန်း

//s9.kh1.co/25/25add77fbe5b132a746d2fe87cefc25a42c6c8a7.jpg
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့လေးကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစုတွေက ဆုမွန်ကောင်းတွေတောင်းပေးကြတာဖြစ်လို့ ပျော်ရွှင်စရာကောင်းတာလည်း ဖြစ်ပါတယ်။ ဆုမွန်ကောင်းတောင်းပေးကြတဲ့ သူတွေထဲမှာမှ သရုပ်ဆောင် အဆိုတော် ထွန်းထွန်းကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account

နှင်းဆီရင်ခွင်အငြိမ့်အဖွဲသားတွေဖြစ်တဲ့ သူတို့နှစ်​ယောက်က အနုပညာညီအစ်ကိုတွေဖြစ်ကြပြီး အရမ်းကို ခင်မင်ရင်းနှီးကြတာလည်းဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ မွေးနေ့လေးမှာတော့ ထွန်းထွန်းက အရင်နှစ်က ပုံအဟောင်းလေးတွေကို တင်ပေးလာရင်း ဆုတောင်းစကားလေးလည်း ပြောပေးလာခဲ့ပါတယ်။ ဒါကတော့ " Happy Birthday ပါအစ်ကိုကြီး ညီတစ်ယောက်လိုအမြဲပြောဆိုဆုံးမပေးတဲ့ သူငယ်ချင်းလိုလည်းပေါင်းသင်းဆက်ဆံပေးတဲ့ ကျွန်တော် ချစ်ရတဲ့ ကိုကျော် မွေးနေ့မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေဗျာ" ဆိုတဲ့ စာသားလေးပဲ ဖြစ်ပါတယ်။

Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account

အသက်အရွယ်ကွာဟပေမယ့် သူငယ်ချင်းတွေလို ခင်မင်းရင်းနှီးကာ ပေါင်းသင်းတတ်တဲ့ မင်းမော်ကွန်းအတွက် မွေးနေ့ဆုတောင်းပေးတဲ့ ထွန်းထွန်းရဲ့ စာသားလေးကို ပရိသတ်တွေ ဖတ်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ကဲ...ပရိသတ်တွေကလည်း ဒီကနေ့မှာ ကျရောက်တဲ့ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်းအတွက် ကောမန့်မှာ ဆုတောင်းစကားလေးတွေပြောပေးခဲ့ကြပါအုန်းနော်။ 

Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account
Photo credit - Htin Aung Tun's Facebook Account

သတင်း အရင်းအမြစ်Source - Htin Aung Tun's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T