ဇာတ်ပို့သရုပ်ဆောင်အဖြစ်  ပရိသတ်တွေရင်ထဲမှာရင်းနှီးနေသူကတော့  သရုပ်ဆောင်  အေးသီတာပဲ  ဖြစ်ပါတယ်။  သူမဟာ  ဆယ်စုနှစ်တွေများစွာတိုင်အောင်  ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင်  ပါဝင်ရိုက်ကူးခဲ့သူတစ်ဦးလည်း  ဖြစ်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  အမှန်တရားကို  ချစ်မြတ်နိုးသူ  ဖြစ်တာကြောင့်  ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေတာလည်း  ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးတွေဟာ  ပထမနှစ်ကျောင်းသူဘဝကတည်းက  ကြုံတွေ့ခဲ့ရကြောင်းကိုလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  မကြာသေးခင် ရက်ပိုင်းက  ရေးသားဝေမျှပေးခဲ့သေးတာပဲ  ဖြစ်ပါတယ်။  သမီးလေးရှိနေတာကြောင့်  လူထုလှုပ်ရှားမှုတွေဆီသို့  နေ့တိုင်းမရောက်ရှိနိုင်သော်လည်း  ပရိသတ်တွေအတွက် သတင်းအချက်အလက်တွေကိုလည်း  သူမရဲ့ Facebook အကောင့်ကနေပြီး  အချိန်နဲ့တစ်ပြေးညီ  တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  မနေ့ကတော့  နေကောင်းကာစအမေနဲ့သမီးလေးအားကားပေါ်တင်ကာလူထုလှုပ်ရှားမှုတွေမှာအားဖြည့်ပါဝင်ဆောင်ရွက်ခဲ့တဲ့ပုံလေးတွေ  တင်ထားတာလည်း  ဖြစ်ပါတယ်။

သူမကလည်း " ဒီနေ့နေကောင်းကာစအမေ

ထိန်းဖို့လူမရှိတဲ့သမီး

အကုန်ကားပေါ်ခေါ်တင်

မြေနီကုန်းလှည်းတန်းတစ်လျှောက်

အင်အားဖြည့်အားပေး

အဓမ္မဝါဒီကျရှုံးပါစေ " ဆိုပြီး ရေးသားထားတာလည်း  ဖြစ်ပါတယ်။  လူငယ်တွေသာမကဘဲ  အသက်ရွယ်ကြီးသော  သူများပါ ဒီလူထုလှုပ်ရှားမှုတွေမှာ  တစ်တပ်တစ်အား  ပါဝင်နေကြတာကို မြင်တွေ့ရသည်မှာ  အလွန်အားတက်စရာကောင်းလွန်းလှပါတယ်နော်။  ပရိသတ်တွေလည်း  သိရှိနိုင်အောင်  ဒီသတင်းလေးကို တစ်ဆင့်  ပြန်လည်  ကူးယူတင်ဆက်ပေးလိုက်ရပြီး  မြန်မာနိုင်ငံကြီး  အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။