ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေရဲ့ အားပေးမူကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဝတ်စားဆင်ယဉ်မှုတွေကလည်း တခြားသူတွေနဲ့ မတူတဲ့ အမိုက်စားဖက်ရှင် တွေကိုပဲအမြဲ ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖြူဖြူကျော်သိန်း က အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး အကောင်းဆုံး လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page

လတ်တလောမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူပြည်သားတွေနဲ့ အတူ တစ်သားတည်း ရပ်တည်ပေးခဲ့တာကို တွေ့မြင်ရပါတယ်။ ယခုမှာတော့ ဖြူဖြူကျော်သိန်း က သံဗုံးတီးတဲ့ သူရဲကောင်း ပြည်သူပြည်သားတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သတင်းကောင်းကို ပြောပြလာခဲ့ပါတယ်။ "ဖြူဖြူတို့မြန်မာပြည်သူသံပုံးတီး သူရဲကောင်းတွေအတွက်အားတက်စရာသတင်းကောင်းလေး တစ်ခုပါ.......

Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page

လွန်ခဲ့တဲ့ (၃) ပတ်ကျော်လောက်ကတည်းက အရှေ့တီမောနိုင်ငံ သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် Mr. Jose Ramos-Horta ကစတင်ပေးခဲ့တဲ့ potsandpansforMyanmar ကန်ပိန်းကိုခုဆိုရင် ASEAN နဲ့ International ကအထင်ကရပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကပါ ပါဝင်အားဖြည့်ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးနေပါပြီ ​Facebook နဲ့ Twitter ကသူတို့သံပုံးတီးနေတဲ့ ဓာတ်ပုံနဲ့ link လေးတွေကိုကျေးဇူးတင်စွာနဲ့ဖော်ပြပေးလိုက်ပါတယ်....ဖြူဖြူတို့တွေ potsandpansforMyanmar လို့ search လုပ်ပြီးမိတ်ဆွေတွေကိုကျေးဇူးတင်ကြောင်းသွားပြောကြရအောင်လား" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ သံပုံးတီးတဲ့ ပြည်သူပြည်သားတွေ အတွက် ဖြူဖြူရဲ့ သတင်းကောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page

သတင်းအရင်းမြစ်: Source - Phyu Phyu Kyaw Thein fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။