သူရဲကောင်းများအတွက် မနက်ဖြန်တိုင်းမှာ မရပ်မနားပဲ အားသွန်ခွန်စိုက် ပိုပြီး ကြိုးစားသွားမယ့်အကြောင်းကို စိတ်အားထက်သန်စွာ ပြောပြလာတဲ့ မင်းမော်ကွန်း

//s9.kh1.co/ac/ac999b8378c0105fcc58cfca9f004bd01d0cc702.jpg
အနုပညာရှင်များ

 ၂၈-ဖေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......ရုပ်ရှင် သရုပ်ဆောင် မင်းသားချောလေး မင်းမော်ကွန်းကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ အောင်မြင်မှုတွေ များစွာနဲ့ ရပ်တည်နေတဲ့အပြင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပါ ပိုင်ဆိုင်ထားတဲ့ သူပဲဖြစ်ပါတယ်။မင်းမော်ကွန်းဟာ ဗီဒီယိုဇာတ်ကား အများအပြားတွင် သရုပ်ဆောင်ခဲ့တာဖြစ်ပြီး သူရဲ့ရုပ်ရှင်ဇာတ် ကားကြီးတွေကလည်း ပရိသတ်တွေရင်ထဲကို ထိမိစေခဲ့တဲ့ အတွက် အကယ်ဒမီဆုကိုပါ ဆွတ်ခူးရရှိထားတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account

မင်းမော်ကွန်းဟာ မြန်မာပြည်တွင် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ပေါ်တွင် ပြည်သူ လူထုနဲ့ အတူ ရင်ထဲကဆန္ဒအမှန်တွေကို ဖော်ထုတ်ကာ တစ်ရက်မှမနားပဲ လမ်းမပေါ်တွင် ရဲရဲဝင့်ဝင့် တတ်ကြွစွာ ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။သူရဲ့စိတ်အားထက်သန်စွာ လုပ်ဆောင်နေတဲ့ အပေါ်တွင် ပြည်သူပရိသတ်တွေ သာမက အနုပညာရှင် အချင်းချင်းကတောင် ချီးကျူးရလောက်တဲ့ထိ နေပူထဲတွင်ပြည်သူလူထုရဲ့ ရှေ့ကနေဦးဆောင်ကာ ဟစ်ကြွေးနေတာ ဖြစ်ပါတယ်။

Photo Credit -Aung Min Naing FB Account
Photo Credit -Aung Min Naing FB Account
Photo Credit -Aung Min Naing FB Account
Photo Credit -Aung Min Naing FB Account

မနေ့ညကဆိုရင်လည်း မင်းမော်ကွန်းက"နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရသောရဲဘော်ရဲဘက် အာဇာနည်သူရဲကောင်းများအတွက် အဖမ်းအဆီးခံခဲ့ရသောနိုင်ငံ့ခေါင်းဆောင်များ ကျောင်းသားပြည်သူများ အနုပညာရှင်များ အစရှိသောသူရဲကောင်းများအတွက် မနက်ဖြန်တိုင်းမှာ ကျွန်တော်တို့ ခုထက်ပိုပြီးကြိုးစားသွားပါ့မယ် ဒီတော်လှန်ရေးကိုနိုင်တဲ့အထိ မရပ်မနားအားသွန်ခွန်စိုက် ဆက်တိုက်သွားပါ့မယ် ကျွန်တော်ဆက်ချီတက်နေပါဦးမယ်အရေးတော်ပုံအောင်ရမည်"ဆိုပြီး လူမူကွန်ယက် စာမျက်နှာထက်တွင် ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။လေးစားစရာကောင်းတဲ့ မင်းမော်ကွန်းရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account
Photo Credit - Kyaw Kyaw Htay Lwin FB Account

သတင်း အရင်းအမြစ်Kyaw Kyaw Htay Lwin FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T