Master Zhou Ting Jue
Master Zhou Ting Jue ဟာ သူ့ရဲ့လက်ကနေ အပူတွေကို ထုတ်လွှတ်နိုင်တဲ့အတွက် နာမည်ကြီးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လက်ကနေ ထုတ်လွှင့်နိုင်တဲ့ အပူစွမ်းအင်ဟာ ၁၀၀ဒီဂရီစင်တီဂရိတ်အထိရှိပါတယ်။ မယုံကြည်သူများက သူ့ကို အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း ရလဒ်ကမပြောင်းလဲခဲ့ပါဘူး။

Natasha Demkina
ရုရှားနိုင်ငံသူ တစ်ယောက်ဖြစ်တဲ့ Natasha ကတော့ သူမတူတဲ့ စွမ်းအင်ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုရမှာပါ။ သူမဟာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဓာတ်မှန်ရိုက်တဲ့ စက်လို ဖောက်ထွင်းမြင်နိုင်ပါတယ်။ ပိုပြီး ထူးခြားတာက သူကြည့်လိုက်တဲ့ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အကြိတ်အဖု ဖြစ်နေတာလေးကအစ တွေ့မြင်နိုင်ပါတယ်။

Gino Martino
Gino ကတော့ ကမ္ဘာ့ခေါင်းအမာဆုံးလူသားလို့တောင် မှတ်တမ်းတင်ခံထားရသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ခေါင်းပေါ်ကို ကွန်ကရစ်တုံးတွေ တင်ပြီး ရိုက်ခွဲခဲ့တဲ့အပြင် ဆယ်ပေါင်တူနဲ့လည်း ခေါင်းကို အထုခံခဲ့ပြပါသေးတယ်။

Dean Karnazes
ဘဝကို ပြေးရင်းလွှားရင်းနဲ့ပဲ အသက်ရှင်မယ်လို့ ခံယူထားတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Dean ဟာ ၂၀၀၅ ခုနှစ်တုန်းက အောက်တိုဘာ ၁၂ ရက်ကနေ ၁၅ရက်အထိ မိုင် ၃၅၀ အထိ မြောက်ကယ်လီဖိုးနီးယားပြည်နယ်ကို ဖြတ်ပြီး မနားတမ်း ပြေးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ပြေးနေစဉ်အတောတွင်းမှာ အိပ်လည်းမအိပ်သလို အစာလည်း မစားခဲ့ပါဘူး။

သတင်းအရင်းမြစ်: Did you know?
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။