ဝါရင့်မင်းသားကြီး ခန့်စည်သူကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေသလို ပါရဟိတအလုပ်တွေကို ပိုပြီးလုပ်ကိုင်လာတာ တွေ့ရပါတယ်။ ခန့်စည်သူရဲ့ ပရဟိတလေးကတော့ လိုအပ်နေတဲ့နေရာတွေမှာ အလှူရှင်တွေနဲ့ စုပေါင်းပြီး ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းပေးတာ ဖြစ်ပါတယ်။


ဒါ့အပြင် ကြည်နူးပီတိဖြစ်စရာ သူ့ရဲ့ အလှူလေးတွေကိုလည်း ပရိသတ်တွေ ထပ်တူထပ်မျှ သာဓုခေါ်နိုင်အောင် လှူဒါန်းမှုပြုလုပ်တိုင်း ပြန်လည်ဖော်ပြပေးပါတယ်။ ယနေ့ ဖေဖော်ဝါရီလ (၂၈ ) ရက်နေ့မှာတော့ ခန့်စည်သူက နောက်ထပ်ကြည်နူးစရာ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ သာကေတမြို့နယ်က မီးလောင်မှုမှာ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်စုများထံသို့ သွားရောက်အားပေးပြီး ကူညီလှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။



ဒါ့အပြင် ခန့်စည်သူက ဒီအလှူလေးနဲ့ ပတ်သက်ပြီး ပြောထားရာမှာလည်း "မီးလောင်မှုဖြစ်ပွားခဲ့သော သာကေတ အနော်မာ(၁၈)လမ်းအရှေ့၊၂ မြောက်ရပ်ကွက်အတွင်းရှိ မီးဘေးသင့်နေအိမ်(၅)လုံး၊အိမ်ထောင်စု(၇)စုတို့အတွက် ...အလှူငွေ(၃၅)သိန်း နှင့်အသုံးအဆောင်ပစ္စည်းများကို စုပေါင်းလှူဒါန်းခဲ့ကြပါတယ်....ခက်ခဲ ရှားပါးနေသည့်ကြားက စိတ်အားထက်သန်စွာ လှူဒါန်းကြပါသောအလှူရှင်များကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ မွန်မြတ်တဲ့ အလှူလေးကို ကြည်နူးပီတိ ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။
သတင်းအရင်းမြစ်: Source - Kyaw Soe Win fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။