ပရိသတ်ကြီးရေ.. နန်းဆုလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။
နန်းဆုလေးဟာ ယခုလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ကြိုးစားပါဝင်နေသူလေးလည်း ဖြစ်ပါတယ်နော်..။


ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက် လှုပ်ရှားမှုတွေပြုလုပ်နေသလို ပြည်သူတွေအတွက်လည်း အစားအသောက် အအေးဗူးတွေနဲ့ ရေသန့်ဗူးတွေအပြင် အခြားလိုအပ်တာတွေကိုလည်း ပေးဝေလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်နော်..။
ဒီကနေ့လေးမှာတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ပြည်သူတွေအသက်ပေးနေရတာတွေကို ယူကြုံးမရစွာနဲ့စိုးရိမ်ပူပန်ပြီး သူမကိုယ်တိုင်ကလည်းယုံကြည်ချက်အတွက်တိုက်ပွဲဝင်ကတည်းက အသက်နဲ့ခန္ဓာကိုအဆုံးထိတွေးပြီးစတေးရဲတဲ့အကြောင်း ရဲရင့်ပြတ်သားစွာပြောပြလာပါတယ်နော်..။



"UNက လူဘယ်နှစ်ယောက်သေမှ action ယူမှာလဲ သတ်မှတ်ထားတဲ့လူအရေအတွက်မပြည့်သေးလို့လား အဲ့ဒါဆိုမြန်မြန်ပြည့်အောင် ငါ့ကိုလည်းလာသတ်ကြပါ ဒီပွဲကိုစဝင်ကတည်းက အသက်နဲ့ခန္ဓာအဆုံးထိတွေးပြီးသားမလို့ စတေးရဲပါတယ်
How_Many_Dead_Bodies_UN_Need_To_Take_Action. ." ဆိုပြီး နန်းဆုလေးက ရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။
အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ ခိုင်မာပြတ်သားပြီး ရဲရင့်တဲ့ စိတ်ဓာတ်ကိုလေးစားသဘောကျနေကြပြီး အားပေးထားကြတာလည်း တွေ့ရပါတယ်နော်..။


သတင်းအရင်းမြစ်: Nansu Yati Soe's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။