နဂါးငွေ့တန်းဂလက်ဆီကို ဗဟိုပြုကာ လှည့်ပတ်ရင်းတည်ရှိနေတဲ့ မက်ဂျလစ်နစ်တိမ်တိုက်

//s9.kh1.co/59/59376bf4edfdfe5abe50c60ec0185c21debf36ad.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မက်ဂျလစ်နစ် တိမ်တိုက်နှစ်ခု ဆိုတာ ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီပု (သို့မဟုတ်) အရန်ဂယ်လက်ဆီပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ တောင်ဘက်ကောင်းကင်တွင်တည်ရှိပြီး Local Group ၏ အဖွဲ့ဝင်ဖြစ်ကာ နဂါးငွေ့တန်း ဂယ်လက်ဆီအား ဗဟိုပြုကာလှည့်ပတ်နေတာပဲ ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ ဘားတန်းပုံစံဖြစ်သောကြောင့် တခါတရံ မက်ဂျစ်လစ်နစ် ခရုံပတ်ပုံစံ ဂယ်လက်ဆီများအဖြစ် ပြန်လည်းခွဲခြားထားရပါသေးတယ်။ ဂယ်လက်ဆီနှစ်ခုမှာ ကြီးမားသော မက်ဂျလစ်နစ် တိမ်တိုက် (LMC) နှင့် သေးငယ်သော မက်ဂျလစ်နစ် တိမ်တိုက် (SMC) တို့ပဲ ဖြစ်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

မက်ဂျလစ်နစ် တိမ်တိုက်တွေကို ပိုလီနီဆီယံဟု လူသိများကြပြီး လမ်းပြအမှတ်အသားများ လို့လည်း ခေါ်ကြပါတယ်။ မက်ဂျလစ်နစ် တိမ်တိုက်အား အာရှ အနောက်ဘက်ခြမ်းတွင် တွေ့မြင်နိုင်တယ်လို့ ပထမရာစုနှစ်ကတည်းက သိထားကြပြီး ကြီးမားသော မက်ဂျလစ်နစ် တိမ်တိုက်ကိုတော့ ပါရှန်းလူမျိုး နက္ခတ္တပညာရှင် AI Sufi မှအမည်ပေးခဲ့ပါတယ်။ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်ဟာ နဂါးငွေ့တန်း ဂယ်လက်ဆီအနီးမှ ဂယ်လက်ဆီပုဖြစ်ပြီး ပုံစံအတည်တကျမရှိသော ဂယ်လက်ဆီပုဟု ခွဲခြားသတ်မှတ်ထားပါတယ်။ အရွယ်အစားကတော့ အချင်းအားဖြင့် အလင်းနှစ် ၇၀၀၀ ခန့်ရှိပြီး ကြယ်ပေါင်း မီလီယံရာချီကာ တည်ရှိပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

ထုထည်စုစုပေါင်းဟာ နေထက် အဆပေါင်း ၇ ဘီလီယံ ကြီးမားပြီး သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်သည် တချိန်က ခရုတ်ပတ်ပုံစံ ဂလက်ဆီဖြစ်သည်ဟု တွက်ချက်ထားကာ နဂါးငွေ့တန်း ဂလက်ဆီကြောင့် ပုံစံမမှန်သော ဂလက်ဆီဖြစ်ခဲ့ရပါတယ်။ အလင်းနှစ် ၂၀၀,၀၀၀ အကွာမှ သေးငယ်သော မစ်ဂျစ်လန်နစ် တိမ်တိုက်ဟာ နဂါးငွေ့တန်း၏ အနီးဆုံးအိမ်နီးချင်းဖြစ်ပြီး သာမန်မျက်စိဖြင့်မြင်နိုင်သည့် အဝေးဆုံး အရာဝတ္ထုတစ်ခုလည်း ဖြစ်ပါတယ်။ မြို့ပြမီးအလင်းရောင်နှင့် ဝေးရာမှ ကြည့်ပါက အကောင်းဆုံးမြင်နိုင်တယ်လို့လည်း သိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T