ကာတွန်းကားလေးတွေထဲမှာ မြင်တွေ့ရတတ်တဲ့ မဒါဂတ်စကားကျွန်းဟာ အရင်က ပြင်သစ်အုပ်ထိန်းခံဖြစ်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ် မှအစပြုကာ မဒါဂတ်စကား သမ္မတနိုင်ငံဆိုပြီး လွတ်လပ်သော အချုပ်အချာအာဏာပိုင်နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒီကျွန်းဟာ ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အကြီးဆုံး ကျွန်းကြီးဖြစ်ပြီး အလျားမိုင် ၉၈ဝ ရှိပြီး အကျယ်ဆုံးနေရာတွင် အနံမိုင် ၃၆ဝ ရှိပါတယ်။
မဒါဂတ်စကားကျွန်းနိုင်ငံရဲ့ မြို့တော်ကတော့ အန်တာနာနာရီဗိုမြို့လေးဖြစ်ပြီး အရမ်းသာယာတဲ့ မြို့လေးတစ်မြို့ပဲ ဖြစ်ပါတယ်။


ဒီကျွန်းရဲ့ အရှေ့ဘက် ကမ်းရိုးတန်းဟာ အပူပိုင်းသစ်တောများဖြင့် ထူထပ်စွာ ဖုံးအုပ်လျက်ရှိ သော်လည်း အလယ်ပိုင်းကုန်းပြင်မြင့်တွင် သစ်ပင်များခပ်ကျဲကျဲ သာ ပေါက်ရောက်ပါတယ်။ မဒါဂတ်စကားကျွန်း၏ ရာသီဥတုမှာ အပူပိုင်းဒေသ ရာသီဥတုမျိုးဖြစ်ပြီး ထူးခြားသော အချက် တစ်ခုမှာ မဒါဂတ်စကားကျွန်းသည် အာဖရိကတိုက်နှင့်နီးကပ် စွာ တည်ရှိသော်လည်း၊ မဒါဂတ်စကားကျွန်းရှိ တိရစ္ဆာန် တို့မှာ အာဖရိကတိုက်တွင်တွေ့ရသော တိရစ္ဆာန်မျိုးနှင့်မတူဘဲ ဝေးလံသော မလ္လယုကျွန်းစုမှ တိရစ္ဆာန်များနှင့်သာတူနေပါတယ်။


မဒါဂတ်စကားကျွန်းတွင် နေထိုင်သူ တိုင်းရင်းသားတို့ကို မာလာဂေဆီလို့ ခေါ်ကြပြီး သူတို့ဟာ အာဖရိကန် သို့မဟုတ် နီးဂရိုး အဆက်အနွယ်များမဟုတ်ဘဲ အာရှတိုက်နှင့် အိုရှီယန်းနီးယား(ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ကျွန်းများ) တွင် နေထိုင်သူများနှင့် နီးစပ်လှပါတယ်။
ဘာသာစကားနဲ့ ယဉ်ကျေးမှု တို့ကတော့ ပေါ်လီနီးရှင်းနှင့် ပသျှူးတို့နှင့် ခပ်ဆင်ဆင်တူပါတယ်လို့ သိရပါတယ်။
ဒီကျွန်းရဲ့ အလယ်ပိုင်း ကုန်းပြင်မြင့်မှာတော့ မီးတောင်များရှိပြီး ဒီကျွန်းကြီးမှာ ရွှေ၊ လချေး၊ မဟူရာ၊ ဂရက်ဖိုက်နှင့် အခြားသယံဇာတ ပစ္စည်းတွေလည်း ထွက်ရှိတယ်လို့ သိရပါတယ်။



သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။