ဇူလိုင် ၂၅ ရက်နေ ့ဒီနေ ့မှာကျရောက်တဲ့ မော်ဒယ် သရုပ်ဆောင်ဟန်သီရဲ ့အသက် ၂၀ ပြည့်မွေးနေ ့

ပရိသတ်ကြီးရေ ဒီနေ ့ကတော့ ချစ်စရာကောင်းလှတဲ့ မော်ဒယ် သရုပ်ဆောင် နဲ ့အဆိုတော် ဟန်သီရဲ ့မွေးနေ ့ရက်မြတ်လေးပဲဖြစ်ပါတယ်။

ပရိသတ်ကြီးက မွေးနေ ့ဆုတောင်းစကားလေးတွေပြောသွားပါဦးနော်။

ဟန်သီဟာ ဒီနေ ့မှာကျရောက်တဲ့ မွေးနေ ့လေးအတွက် အခုလိုအမှတ်တရစကားလေးကို ပြောခဲ့ပါတယ်။

“ချစ်ပရိတ်သတ်တွေကလည်း မွေးနေ့တောင်မရောက်သေးဘူး မွေးနေ့ဆုတောင်းလေးတွေပို့ပေးနေပြီ အရမ်းချစ်ဖို့ကောင်းတာပဲ ပျော်နေတယ်ပေါ့နော် အရမ်းလည်းကျေးဇူးတင်ပါတယ် ချစ်ပရိတ်သတ်တွေမရှိရင် ဟန်သီဆိုတာဖြစ်လာမှာမဟုတ်ပါဘူး အရမ်းလည်းချစ်ပါတယ်” လို ့ဟန်သီက ဆိုပါတယ်။

ဟန်သီဟာ သူမရဲ ့မွေးနေ ့အလှူအနေနဲ ့ရန်ကုန်မြို ့ မဟာစည်သာ့သနာရိပ်သာမှာ ရဟန်း အပါး ၂၀၀ ကို နေ ့ဆွမ်းနဲ ့လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ယောဂီ ၁၅၀ ကျော်အတွက်လည်း အာဟာရဒါနများကျွေးမွေးလှူဒါန်းဖြစ်ခဲ့တယ်လို ့သိရပါတယ်။ အလှူအတန်းလုပ်ရင်းဖြတ်သန်းဖြစ်တဲ့

ဟန်သီရဲ ့မွေးနေ ့အမှတ်တရ ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးက အခုလိုပဲတွေ ့မြင်နိုင်ပါတယ်။ 

သတင်းအရင်းမြစ် HanThi / PyiMyanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။