Train To Busan မင်းသား Gong Yoo နဲ့ ရုပ်ဆင်တယ်လို့ ပရိသတ်တွေကြား ပျံ့နှံ့နေသလို ကိုပေါက်နဲ့ တူတယ်ဆိုပြီး ပြင်းထန်ဝေဖန်သူတွေလည်း ရှိခဲ့တာပါ။

တက်သစ်စ မင်းသားသစ်ဖြစ်တဲ့ ဇွဲလရောင် ဟာ Train To Busan မင်းသားချော ဂေါင်ယိုး နဲ့ တူတယ်ဆိုပြီး ရှဲကြတဲ့ပို့စ်တွေနဲ့ ကိုပေါက်နဲ့တူတယ်လို့ လှောင်ပြောင်ကြတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို အခုလိုပြောပြခဲ့ပါတယ်။

ဇွဲလရောင်ဟာ သူကိုယ်တိုင်က ကိုရီးယားမင်းသားဂေါင်ယိုး နဲ့ တူတယ်လို့ မပြောဖူးသလို မလိုလားတဲ့ပရိသတ်အချို့ရဲ့ ရန်တိုက်ပေးခံလိုက်ရသလိုပါပဲ။

ဇွဲလရောင်ကတော့ သူ့အနေနဲ့ ဝေဖန်သူတွေကို စိတ်လည်းမဆိုးသလို သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိနေတာကိုလည်း ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ၊ ဒါရိုက်တာ ကိုပေါက်စိတ်အနှောင့်ယှက်ဖြစ်မှာကို အားနာကြောင်း မလိုလားကြောင်း သူ့ကြောင့်ဘယ်သူ့ကိုမှ စိတ်အနှောင့်ယှက်မဖြစ်စေချင်တဲ့အကြောင်း ကုမုဒြာ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

စိိတ်သဘောထားပြည့်တဲ့ ဇွဲလရောင်အတွက် လှောင်ပြောင်ဝေဖန်ခံရတဲ့အပေါ် စိတ်မကောင်းမဖြစ်ဖို့ အားပေးစကားပြောလိုက်ပါဥိး။

သတင်းအရင်းမြစ် Zwe la yaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။