တော်လှန်ရေးမှာအသက်စွန့်သွားခဲ့ကြတဲ့ သူရဲကောင်းတွေအတွက်ဆုတောင်းပွဲလေးကို ကိုယ်တိုင်သွားရောက်ဦးညွှတ်ခဲ့တဲ့ ပန်းရောင်ခြယ်

//s9.kh1.co/99/99cfb9f10f4b6365dc6981392e9f74725f2ce6b8.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီး အဆိုတော်သရုပ်ဆောင်ပန်းရောင်ခြယ်ကတော့ အသံချိုချိုလေးနဲ့သီချင်းကောင်းလေးတွေ များစွာသီဆိုတတ်သလို သရုပ်ဆောင်လည်းကောင်းကာ ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးထားတဲ့ ပြည်သူ့အချစ်တော်လေးပါပဲ..။

နူးညံ့သိမ်မွေ့တဲ့နှလုံးသားပိုင်ရှင်မလေး ပန်းရောင်ခြယ်ကတော့ တော်လှန်ရေးမှာအသက်ပေးဆပ်ကာသွေးမြေကျခဲ့ကြရတဲ့ ပြည်သူ့သူရဲကောင်းအတွက်စိတ်ထိခိုက်ပင်ပန်းစွာနဲ့ ဝမ်းနည်းယူကြုံးမရဖြစ်လို့နေတာ တွေ့ရပါတယ်..။

Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc

ပန်းရောင်ခြယ်ကတော့ ဖေဖော်ဝါရီရဲ့နောက်ဆုံးနေ့လေးဖြစ်တဲ့ ဖေဖော်ဝါရီ(၂၈)ရက်နေ့က ကျဆုံးသွားတဲ့ GZ လူငယ်သူရဲကောင်းလေးတွေအတွက် ပြုလုပ်ပေးခဲ့ကြတဲ့ ဆုတောင်းပွဲလေးကို ကိုယ်တိုင်သွားရောက်ဦးညွှတ်ခဲ့ပါတယ်..။

ညိုးငယ်ဝမ်းနည်းတဲ့ စိတ်လေးတွေနဲ့ အသီးသီးလာရောက်ခဲ့ကြတဲ့ ဆုတောင်းပွဲလေးကို ပြည်သူတွေနဲ့အတူ ပန်းရောင်ကလည်း ဆုတောင်းစကားလေးဆိုရင်း ဝမ်းနည်းကြေကွဲစွာနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဦးညွှတ်ခဲ့တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc

"အသက်ပေးဆပ်သွားတဲ့ ပြည်သူတွေ ..

ဒဏ်ရာဒဏ်ချက်တွေနဲ့ကျန်ခဲ့ရတဲ့

ငါတို့ပြည်သူတွေရဲ့ နှလုံးသားတွေ ..

TheFallenHeroes

ForOurRightsAndFreedom

HearTheVoiceOfMyanmar. ." ဆိုပြီး ဆုတောင်းပွဲလေးကို သွားရောက်ခဲ့တဲပုံလေးတွေနဲ့အတူ ဝမ်းနည်းကြေကွဲစွာ ရေးသားထားတာလည်း တွေ့ရပါတယ်..။

ပြည်သူ့သူရဲကောင်းတွေအတွက် ပြည်သူပရိသတ်တွေအားလုံး ဝမ်းနည်းယူကြုံးမရဖြစ်ရသလို Myanmarload မှလည်း သူရဲကောင်းတွေ ကောင်းရာသုဂတိလားပြီး အေးချမ်းစွာအနားယူနိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်..။

Photo Credit - Pan Yaung Chel's Fb Acc
Photo Credit - Pan Yaung Chel's Fb Acc

သတင်း အရင်းအမြစ်Pan Yaung Chel's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T