ကမ္ဘာပေါ်တွင် ထူးခြားဆန်းပြားတဲ့ စာသင်ကျောင်းတွေများစွာရှိတဲ့ အထဲမှာမှ ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ကမ္ဘာ့ တစ်လွှားက စုန်းပညာကို လေ့လာလိုသူတွေ အတွက် ဖွင့်လှစ်ပေးထားတဲ့ စုန်းကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ကျောင်းသား ၄၀၀၀၀ လောက် ပညာသင်ယူကြပြီး အွန်လိုင်းကနေလည်း တက်ရောက်နိုင်သလို လူကိုယ်တိုင်လည်း သွားရောက်သင်ကြားနိုင်ပါတယ်။
ထို စုန်းကျောင်းကြီးကို အစပိုင်းမှာတော့ ချီကာဂိုမြို့ ၊ ရိုစ့်ဗဲလ်ပြည်နယ်တွင်၂နှစ်ကြာ တည်ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ မက်ဆာချူးဆက်ပြည်နယ် ၊ ဆေလမ်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ အကြောင်းကတော့ ယခုလို စုန်းပညာအတတ်ကို သင်ကြားပေးတာဟာ လူ့ အဖွဲ့ အစည်းကို အန္တရာယ် ဖြစ်စေနိုင်တယ်ဆိုပီး လူတချို့က စွပ်စွဲဝေဖန်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ပြောင်းရွှေ့ခဲ့ရတဲ့ နောက်ထပ်အကြောင်းရင်း တစ်ခုကတော့ စုန်းတွေမောင်းတဲ့ ကားဘီးကို ရေစင်တွေ ပက်ဖြန်းပြီး ခရစ်ယာန် ဘာသာဝင်တွေက ကန့်ကွက်ခဲ့ကြလို့လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စုန်းပညာကို သင်ကြားပေးတဲ့ ကျောင်းတော်ကြီးဟာ ဆေလမ်မြို့မှာ အထိုင်ကျခဲ့ပြီး စုန်းအဖွဲ့အစည်းတစ်ခုကို တည်ထောင်ကာ စုန်းအချင်းချင်း ရင်းနှီးဖော်ရွေမှုရှိစေပြီး လူ့အဖွဲ့အစည်းကို မထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းစွာနေထိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့ပါတယ်။ စုန်းအတက်ကိုတက်မြောက်တိုင်း လူသားတွေကို ဒုက္ခပေးမှာမဟုတ်သလို ကိုယ်မထင်တဲ့သူတွေကလဲ ကိုယ့်ကို ဒုက္ခပေးနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ Google