ပရိသတ်ကိုယ်စားအလှူပြုလုပ်ခဲ့တဲ့ မိုင်လေး

ပရိသတ်ချစ်ခင်အားပေးတဲ့ အဆိုတော်ရတနာမိုင်ဟာ သူမရဲ ့ချစ်ပရိသတ်တွေကိုယ်စား သာဓုခေါ်ဖွယ်အလှူလေးတစ်ခုကို ပြုလုပ်ဖြစ်ခဲ့ပါတယ် ။

ရတနာမိုင်ဟာ မကြာသေးခင်က "ပြောသားပဲ" Mini Album အခွေရဲ ့Promotion ပွဲလေးတွေကို ကျင်းပပြုလုပ်ခဲ့ရာမှာ ပရိသတ်တွေက

တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ဒီအခွေလေးက ဇွန်လ ၂၆ ရက်နေ ့ကထွက်ရှိခဲ့တာဖြစ်ပါတယ်။ ဂီတခရီးလမ်းကို ပုံမှန်လေးလျှောက်လှမ်းြုဖစ်နေသူ မိုင်လေးဟာ အားပေးချစ်ခင်တဲ့ ပရိသတ်အခိုင်အမာရှိနေပြီဖြစ်တဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။

မိုင်လေးက သူမရဲ ့အနုပညာလုပ်အားခဖြစ်တဲ့ ငွေကျပ် သိန်း ၅၀ ကို ဘုရားတည်ရာမှာ လှူဒါန်းဖြစ်ခဲ့တဲ့ အကြောင်းကို အခုလိုပြောပြထားပါတယ်။

"ချစ်ပရိသတ်တွေသာဓုခေါ်စရာ အလှူလေးတစ်ခု ချစ်ပရိသတ်တွေ ကိုယ်စား မိုင်လေးလုပ်ဖြစ်ခဲ့ပါတယ်။

မော်လမြိုင်မြို ့ရှိမင်္ဂလာဂန္ဓာရုံ ချမ်းမြေ ့ရိပ်သာ ရခိုင်ဆရာတော် ဘုန်းဘုန်းဘုရားကျောင်းတွင် အနန္တမေတ္တာ-ကေါဏ္ဌည-မဟာမုနိဆုတောင်းပြည့်-ဘုရားတည်ထားပြီးစီးသွားပါပြီ။

မိုင်လေးမတည်အလှူငွေ ကျပ်သိန်း၅၀ လှူဒါန်းခဲ့ပါတယ်။ အနုပညာလုပ်အားခ ဖြစ်တဲ့ငွေကြေးနဲ့ လှူဒါန်းရတာဖြစ်တဲ့

အတွက် ချစ်ပရိသတ်တွေရဲ့ အလှူပဲဖြစ်ပါတယ်။ ဝမ်းမြောက်စွာ သာဓုခေါ်ပေး

ကြပါဦးလို့ အမျှ အမျှ အမျှ" လို ့မိုင်လေးက ပြောခဲ့ပါတယ်။

ဒါကြောင့်မို ့မိုင်လေးရဲ ့ချစ်ပရိသတ်ကြီးကလည်း ဒီအလှူဒါနအတွက် ဝမ်းမြောက်စွာနဲ ့သာဓုခေါ်ဆိုနိုင်ပါတယ်နော်။ 

သတင်းအရင်းမြစ် ရတနာမိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။