ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းပြီး ဇာတ်ကားတွေတော်တော်များများရိုက်ကူးထားသလို စကားပြောပွင့်လင်းတာတွေကြောင့် ဆယ်စုနှစ်ကတည်းက ယနေ့အချိန်ထိ အောင်မြင်စွာ ရပ်တည်နေနိုင်သူလေးကတော့ ပွင့်နဒီမောင်ပဲ ဖြစ်ပါတယ်နော်..။
ပွင့်နဒီမောင်ကတော့ လက်ရှိအခြေအနေတွေမှာ လမ်းပေါ်ထွက်သူရဲကောင်းတွေကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးအားဖြည့်နိုင်ဖို့အတွက် အလှူအတန်းတွေကိုလည်း မကြာခဏဆိုသလို ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။



ဒီကနေ့လေးမှာလည်း ပွင့်နဒီမောင်တစ်ယောက် ရှေ့ကထွက်တိုက်နေကြတဲ့ တော်လှန်ရေးသူရဲကောင်းတွေအတွက် ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာအစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်နေတာကိုလည်း တွေ့မြင်ကြရဦးမှာပါ..။
လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ သူရဲကောင်းပြည်သူတွေအတွက် စမူဆာတွေကိုယ်တိုင်ကြော်လှော်နေတာဖြစ်ပြီး အားဖြည့်ပြင်ဆင်နေတဲ့ပုံရိပ်လေးတွေကိုလည်း သူမကပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်နော်..။




"CDM စမူဇာ ဖြစ်တဲ့အတွက်အရသာထူး
ရှေ့ကနေ ထွက်တိုက်နေတဲ့ ညီအကို မောင်နှမတွေအားလုံး လေးစားဂုဏ်ယူရင်း မနေ့က နောက်တန်းကနေလုပ်အားဒါန ပါဝင်ခဲ့ပါ တယ်
အလှူရှင် များ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ
ချက်ချင်းပြည့် ပါစေ 🙏🏽🙏🏽🙏🏽
မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🏽🙏🏽🙏🏽.." ဆိုပြီး ကြော်လှော်ချက်ပြုတ်နေတဲ့ ပုံရိပ်လေးတွေကို ပွင့်နဒီမောင်က ဝေမျှထားတာပါ..။
အလှူရှင်တွေနဲ့အတူ အခုလိုကိုာ်တိုင်အပင်ပန်းခံ ချက်ပြုတ်ပြင်ဆင်နေတဲ့ သရုပ်ဆောင်ပွင့်နဒီမောင်လည်း ပြည်သူတွေနဲ့အတူရပ်တည်ပြီး အလှူအတန်းတွေလည်း ဒီထက်မက လှူဒါန်းနိုင်စေဖို့ ဆုတောင်းစကားလေး ဆိုလိုက်ပါတယ်နော်..။




သတင်းအရင်းမြစ်: Pwint Nadi Maung's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။