ပရိသတ်ကြီးရေ.. မေဦးလို့ဆိုလိုက်တတာနဲ့ မှော်ဆန်တဲ့မိတ်ကပ်ဖန်တီးမှုတွေကြောင့် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေအပြင် ပြည်သူပရိသတ်တွေတော်တော်များများကပါ အားပေးချစ်ခင်ကြတဲ့ နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

မေဦးကတော့ ရင်ဘတ်ချင်း ခံယူချက်ချင်းတူပြီး ချစ်ရတဲ့ညီအစ်ကိုမောင်နှမတွေတဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ကာ ပြည်သူတွေနဲ့ပူးပေါင်းပါဝင်ပြီး အနာဂတ်နဲ့ ယုံကြည်ချက်တွေအတွက် ကြိုးစားတိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

နေ့တိုင်းလိုလိုလမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို ဒီကနေ့မတ်လ(၁)ရက်နေ့မှာလည်း လှုပ်ရှားမှုတွေပြုလုပ်ကာ လူစုအော်နေတုန်းမှာပဲ လာဆွဲတာတွေကြောင့် ထွက်ပြေးခဲ့ရတဲ့အကြောင်းလေးကို ဝေမျှပြောပြလာပါတယ်နော်..။

လှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ သူတို့အဖွဲ့လူစုအော်နေတဲ့မိနစ်ပိုင်းအတွင်းလောက်မှာပဲ လာဆွဲကြလို့ ထွက်ပြေးခဲ့ရတာလေးတွေကို မေဦးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာပါ..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

"စုအော်ကြပြီး 15 မိနစ်လောက်မှာပဲ

လာဆွဲလို့ ပြေးခဲ့ကြပါပြီ 1.3.2021.." ဆိုပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေနဲ့အတူ မေဦးက ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ဒီကနေ့လေးမှာတော့ မေဦးနဲ့အတူ တော်လှန်ရေးသူရဲကောင်းပြည်သူတွေအားလုံး အန္တရာယ်ရှင်းဘေးကင်းလုံခြုံကြစေဖို့အတွက် ဆုတောင်းရင်း မေဦးရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - May Oo's Fb Acc
Photo Credit - May Oo's Fb Acc

သတင်းအရင်းမြစ်: May Oo's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။