ပရိသတ်ကြီးရေ.. နန်းဆုလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ယောကျ်ားလေးမိန်းကလေးမရွေး အားလုံးချစ်ခင်ကြပြီး အနုပညာလောကမှာထိပ်တန်းကနေ အောင်မြင်နေသူလေးပဲ ဖြစ်ပါတယ်နော်..။
နန်းဆုလေးကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေပြုလုပ်နေပြီး ပြည်သူပရိသတ်တွေ တွေ့ကြုံခံစားနေရတာတွေအပေါ်မှာလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်လို့ နေပါတယ်နော်..။


လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေကိုပါ ပြုလုပ်နေတဲ့ နန်းဆုလေးတစ်ယောက် ဒီကနေ့လေးမှာတော့ သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူတွေအတွက်ဝမ်းနည်းယူကြုံးမရစွာ စကားလေးဆိုလာပါတယ်နော်..။
အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်သတ်ဖြတ်နေတာတွေကိုရပ်တန့်ကြဖို့ပြောရင်း သူမအနေနဲ့လည်း ရင်ကွဲမတတ်ဝမ်းနည်းကြေကွဲနေရတဲ့အကြောင်းလေးကိုလည်း နန်းဆုလေးက ယူကြုံးမရစွာပြောပြလာတာပဲ ဖြစ်ပါတယ်နော်..။


"ရင်ကွဲမတတ် ဝမ်းနည်းကြေကွဲရပါတယ် 😓
တော်ပါတော့
လက်နက်မဲ့ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေပါရှင်
လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သတ်ဖြတ်နေတာတွေ တော်ကြာပါတော့ရှင်🙏🙏🙏🙏
အာဏာရှင်စနစ် မုချကျဆုံးပါစေ
HowManyDeadBodyNeedForUNtoTakeAction. ." ဆိုပြီး နန်းဆုလေးက စိတ်မကောင်းစွာ ရေးသားထားတာပါ..။
ပြည်သူပရိသတ်တွေအားလုံးကလည်း နန်းဆုလေးနဲ့အတူ ထပ်တူခံစားနေရပြီး မချိတင်ကဲဖြစ်ကြရတဲ့ အကြောင်းလေးတွေကို Comment လေးတွေမှာ အသီးသီးရေးသားထားကြတာလည်း တွေ့ရပါတယ်နော်..။


သတင်းအရင်းမြစ်: Nansu Yati Soe's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။