ပြည်သူချစ်တဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေဟာ မကြာခင်မှာ အမြွှာသမီးလေးတွေကို မွေးဖွားတော့မှာပါ။ အမြွှာလေးတွေကိုယ်ဝန်ကို ရရှိခဲ့တဲ့အတွက် သူမရဲ့ ခံစားချက်ကို The Voice နဲ့ အင်တာဗျူးမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

" အမြွှာကိုယ်ဝန်က သမီးလေး နှစ်ယောက် ဖြစ်နေတဲ့အတွက် ထရီဇာက ပိုပြီး သဘောကျတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်လည်း လိုချင်ပါတယ်။ အဲ့ဒီလိုဆိုရင် မိဘတွေ အတွက်ကတော့ ကောင်းတယ်ပေါ့။ မိန်းကလေးရော၊ ယောက်ျားလေးရော တစ်ပြိုင်တည်း ရတာပေါ့။ သူတို့တွေ ရှင်သန်တဲ့ အချိန်ကာလကတော့ အတူတူပဲ ဆိုပေမယ့် သဘာဝတွေက ဆန့်ကျင်ဘက် ဖြစ်နေတော့ တစ်ယောက်နဲ့ တစ်ယောက် တီးတိုးဖော်၊ တိုင်ပင်ဖော် မရမှာလေးကို ထရီဇာ စိုးရိမ်ခဲ့ရတယ်။ အမြွှာဆိုပေမယ့် လိင်ကလည်း ကွဲတတ်တော့ စိုးရိမ်ခဲ့ရတယ်။ ယောက်ျားလေး တစ်ယောက်၊ မိန်းကလေး တစ်ယောက်တော့ အရမ်း လိုချင်ခဲ့တယ်။ ဒါပေမဲ့ ဘုရားက သမီးလေး နှစ်ယောက်ကို စီမံပေးတဲ့အတွက် ထရီဇာ သဘောကျတယ်။ နောက်ထပ် ကလေး ထပ်ယူဖို့ကတော့ အခြေအနေအရ ပေါ့လေ။ အခု လောလောဆယ်တော့ မွေးလာမယ့် ကလေး နှစ်ယောက်ကို နိုင်အောင် ထိန်းလိုက်ပါဦးမယ်။ "

ဆရာဝန်ဘွဲ့လဲရ အနုပညာမှာလဲ ထူးချွန်ပြီး ပရိသတ်တွေရဲ့အချစ်ကို အမြဲရရှိနေတဲ့ ချစ်သုဝေက နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်အစီအစဉ်ကို ကိုယ်ဝန်ကြောင့် မသွားဖြစ်တော့ဘူးလားဆိုတဲ့မေးခွန်းကို အောက်ပါအတိုင်း ဖြေကြားပေးခဲ့ပါတယ်။

" ထရီဇာ ပြောချင်တာ အဲ့ဒါလေ။ ရင်သွေးလေးတွေ ရလာတဲ့အချိန်မှာ ကိုယ့်ရဲ့ လောဘ၊ အရာအားလုံးနဲ့ ကိုယ့်အတ္တတွေ အကုန်လုံးက အနောက်ကို ရောက်သွားတယ်။ သူတို့တွေ အတွက်ပဲ ခေါင်းထဲမှာ စဉ်းစားဖြစ်တယ်။ ပရိသတ်တွေက မြင်ချင်တယ်၊ တွေ့ချင်တယ် ပြောလို့သာ ပွဲလေးတွေမှာ သီချင်းတွေ ကြိုးစားပြီး လိုက်ဆိုတယ်။ ကြော်ငြာလေးတွေ ရိုက်တယ် ဆိုတာကလည်း ပရိသတ်တွေနဲ့ အဆက် မပြတ်ချင်ဘူး။ ကိုယ်လည်း ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် အလုပ်လေးတွေ ဖြစ်လို့ပါ။ ကိုယ်ကလည်း အနုပညာကို ချစ်တယ်လေနော်။ ကျောင်းတက်ဖို့ ဆိုတာကတော့ ကလေး နှစ်ယောက် ထွက်လာရင်လည်း သူတို့ကို ပြုစုစောင့်ရှောက် ရဦးမယ်။ ကိုယ်လည်း မိဘနဲ့ ရင်အုပ်မကွာ ကြီးပြင်းခဲ့ရတာ ဆိုတော့ ကလေးတွေကို မိဘတွေရဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ အသိုင်းအဝိုင်းလေး တစ်ခုထဲမှာ နွေးနွေးထွေးထွေး ရှင်သန်ကြီးပြင်း စေချင်တယ်။ ကိုယ်အလုပ် လုပ်မယ်ဆိုလည်း သူတို့ကို လုပ်ပေးရမယ့် တာဝန် မပျက်ကွက်အောင် ကြိုးစားပြီး လုပ်လို့ရမယ့် ဟာမျိုးတွေပဲ ရွေးချယ်ဖြစ်ဖို့ များပါတယ်။ " 

Source : the voice

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။